How to Delete Lie

How-to.jpg

iOS အသုံးပြုသူများအတွက် အသုံးဝင်မည့် app တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက မိမိအားလိမ်ညာနေသည့်အခါတွင် သိရှိနိုင်ရန်အတွက် တရုတ်ရိုးရာ နည်းလမ်းများကို အခြေခံကာ စီစဉ်ပေးထားသည့် app တစ်ခုဖြစ်သည်။ အဆိုပါ How to delete lie app တွင် User Interface ကို စွဲမက်ဖွယ်ဖြစ်အောင် ပြင်ဆင်ထားပြီး မိမိအနှစ်သက်ဆုံးများကိုလည်း မှတ်သား ထားပေးနိုင်မည် ဖြစ်သည်။

အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 6.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။