Windows 10 Start Menu တွင် Bing အား Disable ပြုလုပ်ခြင်း

Cover.jpg

Windows 10 သုံးစွဲသူများ Start menu ကို နှိပ်ပြီး မိမိ ရှာဖွေချင်တဲ့အရာကို ရှာဖွေရာမှာ Bing Search Engine ကို အသုံးပြုပြီး ရှာဖွေနိုင်စေဖို့အတွက်ပါ Microsoft က ထည့်သွင်းပေးထားပါတယ်။ ဒီလိုမျိုး ထည့်သွင်းပေးထားတဲ့အတွက် တစ်ခါတစ်လေမှာ ကိုယ်ရှာဖွေချင်တဲ့အရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ Bing ပေါ်မှာ ရှာဖွေနိုင်ဖို့အတွက် Keyword တွေကိုသာ တွဲမြင်ရပါလိမ့်မယ်။

အဆိုပါကဲ့သို့ Bing Search Engine မှည ရှာဖွေနိုင်မယ့် Keyword များကို မပေါ်စေချင်တဲ့အခါမှာ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်တဲ့နည်းလမ်းမှာ Cortana ကို အသုံးမပြု သူတွေအတွက်သာ အသုံးဝင်မှာဖြစ်ပြီး Cortana ကို အသုံးပြုသူများအတွက်ကတော့ အဆင်ပြေနိုင်လိမ့်မှာ မဟုတ်ပါဘူး။

Cortana ဟာ Siri, Google Now တို့ကဲ့လိုမျိုး အသုံးပြုနိုင်တဲ့ Feature တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ အထောက်အပံ့ ပေးထားတာမျိုး မရှိပါဘူး။ ဒါကြောင့် Cortana ကို အထောက်အပံ့ မပေးထားတဲ့အတွက် Bing ရဲ့ Search ပြုလုပ်နိုင်မယ့် Keyword တွေကို Disable ပြုလုပ်ထားနိုင်ပါလိမ့်မယ်။ Bing ကို Disable ပြုလုပ်ချင်တယ်ဆိုရင် Start menu ခလုတ်ကို နှိပ်လိုက်ပါ။

ပြီးသွားရင် အဆိုပါ Start Menu မှာ Cortana & Search Settings ဆိုတဲ့ Keyword ကို ရိုက်ထည့်ရပါမယ်။

တွေ့ပြီဆိုရင်တော့ ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် Cortana ရဲ့ Settings ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြုလုပ်ရမှာကတော့ Search online and include web results ဆိုတာကို ရှာဖွေပြီး disable ပြုလုပ်ပေးရမှာပါ။

ဒီအဆင့်တွေပြီးသွားရင် အဆိုပါနေရာက ထွက်ပြီး Start Menu ကို နှိပ်လိုက်ပါ။ နှိပ်ပြီးသွားရင် ကိုယ် ရှာဖွေချင်တဲ့ Keyword တွေကို ရိုက်ထည့်ကြည့်ပါ။ Start Menu ပေါ်မှာ Bing ရဲ့ Web result တွေကို တွေ့ မြင်ရတော့မှာမဟုတ်ဘဲ ရှာဖွေချင်သည်များကို ရှင်းရှင်းလင်းလင်းနှင့် အလွယ်တကူ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Ref: howtogeek