PDF Password ကို ဖယ်ရှားရှင်းလင်းနိုင်မည့် pdfcrack ကို Ubuntu OS တွင် ထည့်သွင်းခြင်း

pdfcrack-htop.jpg

Ubuntu OS သုံးစွဲသူများ အနေဖြင့် Password ဖြင့် တားဆီးထားတဲ့ PDF  ဖိုင်တွေမှာ password ကို ဖယ်ရှားချင်တယ်ဆိုရင် pdfcrack ဆိုတာကို ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ pdfcrack ကို ထည့်သွင်း၍ PDF ဖိုင်တွေမှာ တားဆီးထားတဲ့ password တွေကို အလွယ်တကူနဲ့ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

Pdfcrack ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

ပြီးသွားရင်တော့ Terminal မှာ sudo apt-get install pdfcrack ဆိုတဲ့ command ကိုထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ အဆိုပါ command ကို ထည့်သွင်းပြီးသွားရင် pdfcrack နဲ့သက်ဆိုင်တဲ့ package တွေကို download ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ download ပြုလုပ်ပြီးသွားရင်တော့ အဆိုပါ ဖိုင်တွေကို တစ်ခါတည်း Install ပြုလုပ်ပေး သွားပါလိမ့်မယ်။

Pdfcrack ကိုအသုံးပြုတဲ့ command တွေကိုတော့ အနည်းအကျဉ်းဖော်ပြ ပေးမှာဖြစ်ပါတယ်။ Terminal မှာ PDF ဖိုင်ရှိတဲ့ လမ်းကြောင်းကို သွားပါ။ PDF file ကို ဖွင့်ရမှာဖြစ်တဲ့အတွက် pdfcrack -f filename.pdf လို့ ရိုက်ထည့်ရပါမယ်။ ဒီနေရာမှာ filename ကတော့ ကိုယ်အသုံးပြုမယ့် pdf ဖိုင်ရဲ့အမည်ကို ထည့်ပေးရပါမယ်။ Character String တွေကို အသုံးပြုဖို့အတွက် pdfcrack -f filename -cabcdef01234 ကို အသုံးပြုနိုင်ပါတယ်။ crack ပြုလုပ်နေရင်းခဏ save ထားချင်တဲ့အခါ အသုံးပြုရမယ့် command ကတော့ pdfcrack -f filename.pdf-lsavestate.sav ဆိုတဲ့ command ဖြစ်ပါတယ်။ password စာလုံးရေ အတိုအရှည်ကို သတ်မှတ်ရတဲ့ command ကတော့ maximum ဆိုရင် -m ကို အသုံးပြုရမှာဖြစ်ပြီး minimum ဆိုရင် -n ကို အသုံးပြုရပါမယ်။ အသုံးပြုပုံ command အပြည့်အစုံကတော့ pdfcrack -f filename.pdf -m=10 -n=5 -c abcdef ဆိုပြီး command ကို သုံးစွဲပေးရပါမယ်။ အသေးစိတ် သိရှိလိုတယ်ဆိုရင် Terminal ထဲမှာ pdfcr-ack လို့ရိုက်ထည့်လိုက်ရင် switch တွေ သုံးစွဲပုံအား ဖော်ပြပေးထားတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။