AiKON Professional Apple Care ဆိုင်ခွဲသစ် ဖွင့်လှစ်

1896876_10203232851323185_3141475435312334123_n.gif

AiKON Professional Apple Care ဆိုင်သစ်ကို အမှတ် – ၅၂၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ ဆိုင်ခွဲသစ်တွင် Apple တံဆိပ်၊ Smart Phone, Tablet PC, All-in-One PC နှင့် ဆက်စပ်ပစ္စည်းများ စသည့် Apple ထုတ်ကုန်များကို ဝယ်ယူနိုင်မည်ဖြစ်ပြီး ဆားဗစ်အနေဖြင့် SMD Rework စက်များ အသုံးပြုကာ Apple ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲဆားဗစ်များကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုထပ်မံဖွင့်လှစ်သည့် ဆိုင်သည် AiKON ၏ စတုတ္ထမြောက် ဆိုင်ခွဲဖြစ်ပြီး ဆိုင်စတင်ဖွင့်လှစ်ခြင်း အ ထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၂၁ ရက်မှစ၍ တစ်လတိတိ ငွေကျပ် ၁၅,၀၀၀ နှင့်အထက် ဝယ်ယူအားပေးသည့် သုံးစွဲသူများအား AiKON မန်ဘာကတ်များ အခမဲ့ပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဆိုင်၏ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲ မည်သည့်ဆားဗစ်ကိုမဆို အသုံးပြုသည့် သုံးစွဲသူများနှင့် ဆိုင်ရှိ မည်သည့်ပစ္စည်းကိုမဆို ဝယ်ယူသည့် ပထမဦးဆုံး သုံးစွဲသူ အယောက် ၅၀ အား AiKON တံဆိပ်ပါ အင်္ကျီနှင့် Ooredoo ဆင်းမ်ကတ်များ မေတ္တာလက်ဆောင်အနေဖြင့် ပေးအပ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။