Gold Medallion Award ဆုရှင် မမေရီမွန်၏ Student Life

mayyeemon_Gusto_Studentlife_2015July29.jpg

Pearson (UK) မှချီးမြှင့်သည့် ၂၀၁၅ ခုနှစ် Computing ဘာသာရပ်ထူးချွန်ဆု Gold Medallion Award ဆုရှင် မမေရီမွန်၏ Student Life

HND တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကိုပြောပြပေးပါ။

HND တက်ရောက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့  နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်လိုချင်လို့ တက်ရောက်ဖြစ်ခဲ့တာပါ။

ဘယ်ဘာသာရပ်ကို တက်ရောက်နေတာပါလဲ။

HND Diploma in Computing & System Development ဘာသာရပ်ပါ။

ဘာကြောင့် ဒီဘာသာရပ်ကိုရွေးချယ်ဖြစ်တာလဲ။

ပြည်တွင်းအစိုးရကျောင်းအနေနဲ့ကလည်း Computer နဲ့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းမှာသင်ခဲ့ရတဲ့ဘာသာရပ်တွေထဲမှာ Programming ဘာသာရပ်ကိုစိတ်ဝင်စားလို့ တက်ရောက်ဖြစ်ခဲ့တာပါ။

HND ကျောင်းတွေထဲက ဘာကြောင့် GUSTO ကိုရွေးချယ်ဖြစ်တာလဲ။

တက္ကသိုလ်တက်နေစဉ်ထဲက GUSTO မှာ Professional အတန်းတွေ တက်ခဲ့ဖူးပါတယ်။ ဆရာ၊ ဆရာမတွေရဲ့သင်ကြားမှုပုံစံကို သဘောကျလို့ ရွေးချယ်ဖြစ်သွားတာပါ။

စာသင်ကြားမှုပုံစံကိုပြောပြပေးပါဦး။

စာသင်ကြားမှုပုံစံကတော့ မလျော့မတင်းပုံစံပါပဲ။ ထိုက်သင့်တဲ့ Discipline ရှိပါတယ်။ စာကို ကျောင်းသားနားလည်အောင်သေချာရှင်းပြတယ်။ နားမလည်ရင် အချိန်မရွေးမေးလို့ရတယ်။ စာပဲသင်တာမျိုးမဟုတ်ဘဲ အခြား Knowledge တွေပါရအောင် ကိုယ်ဘာသာ Learning လုပ်နိုင်အောင် အချိန်ပေးပြီးပြောပြတယ်။ Assignment Hand-in မတိုင်ခင် Review Session (Formative Section) ထားပြီး ကျောင်းသား Assignment က မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေတယ်၊ မရောက်ဘူးဆိုတာကို သေချာဆွေးနွေးပေးတယ်။ လိုအပ်တဲ့အရာတွေဖြည့် ဆည်းဖို့ အကြံဉာဏ်တွေပေးပေးပါတယ်။

ကျောင်းပြီးသွားရင် ဘာဆက်လုပ်ဖို့စဉ်းစားထားသလဲ။

HND တော့ပြီးသွားပါပြီ။ လာမယ့် သြဂုတ်လ Graduation မှာ Diploma လက်ခံရမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Software Developer အဖြစ် လုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်နေပါတယ်။

စာသင်ကြားနေစဉ်အတွင်း အခက်အခဲတွေရှိခဲ့သလား။

ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ ဆရာ၊ ဆရာမတွေကလည်း ပံ့ပိုးပေးတဲ့အတွက် အခက်အခဲသိပ်အများကြီးမရှိခဲ့ပါဘူး။  Assignment လုပ်တဲ့အခါမှာတော့ နည်းနည်း အားစိုက်ရတာပေါ့။ Program Coding တွေဆိုရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို သေချာစဉ်းစားရတယ်။ အခြားဘာသာရပ်တွေအတွက် Report ရေးရတာမျိုးဆိုရင်လည်း အပြင်လုပ်ငန်းခွင်တွေမှာ ဘယ်လိုလုပ်နေလဲဆိုတာ Research အရင်လုပ်ပြီးမှ Assignment မှာ အကောင်းဆုံးဖြစ်အောင် ရေးတာမျိုးတွေပေါ့။

ပြည်ပမှာကျောင်းဆက်တက်ဖို့ အစီအစဉ် ရှိသလား။

ဟုတ်ကဲ့၊ အစီအစဉ်တော့ရှိပါတယ်။ လောလောဆယ်ကတော့ လုပ်ငန်းခွင်ဝင်ပြီး Working Experience အရင်ယူဖို့လုပ်နေပါတယ်။ HND တက်ချင်တဲ့ကျောင်းသားတွေအတွက် အကြံပြု စကားလေးပြောပေးပါဦး။ ကိုယ်အမှန်တကယ်စိတ်ဝင်စားမှတက်ကြပါ။ ဘာသာရပ်တွေလေ့လာတဲ့အခါ အခက်အခဲ အနည်းငယ်တွေ့ရင်လည်း အားမလျော့ဘဲ ကြိုးစားကြပါ။ စာများများဖတ်ကြပါလို့ ပြောချင်ပါတယ်။

ဆုရရှိတဲ့အတွက် ခံစားချက်လေးပြောပြပေးပါဦး။

အရမ်းပျော်ပါတယ်။ ကိုယ်အရမ်းမျှော်လင့်ပြီး လိုချင်နေခဲ့တဲ့ဆုကို ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသားမိပါတယ်။

ဒီဆုရအောင် ဘယ်လိုကြိုးစားခဲ့လဲ။

Foundation Graduation ပွဲတက်တုန်းက ရှေ့ Senior တွေက GUSTO Principle Award ကိုရကြတယ်။ GUSTO Principle Award ဆိုတာက တစ်ကျောင်းလုံးမှာ Academic ရော၊ Discipline မှာ ထူးချွန်တဲ့သူတွေကို ပေးတာပါ။ ဆုရရှိတဲ့သူက IT နဲ့ နိုင်ငံတကာမှာ ထင်ရှားနေတဲ့ CEO တွေနဲ့ Dinner စားရပါတယ်။ အဲဒီ့အချိန်မှာအဲ့ဆုကို အရမ်း လိုချင်ခဲ့တယ်။ အဲ့အတွက်လည်းကြိုးစားခဲ့တယ်။ ပြီးတော့ မနှစ်က Pearson ကချီးမြှင့်တဲ့ Global Higher Achiever Award 2014 မှာ ကျောင်းက Senior တစ်ယောက်ရတယ်။

အဲဒီ့အချိန်မှာ ငါလည်းလိုချင် လိုက်တာဆိုတဲ့ စိတ်ဖြစ်မိပါတယ်။

အဲ့အတွက်လည်းကြိုးစားခဲ့ပါတယ်။ အခုဒီဆုကိုရတဲ့အတွက် အရမ်းပျော်ပြီးဂုဏ်ယူမိပါတယ်။