Footprint

Footprint.jpg

Footprint app သည် ကိုယ်ရောက်ဖူးခဲ့သည့်နေရာများ၊ နိုင်ငံများကို Pin ပြုလုပ်၍ မှတ်တမ်းတင်ထားပေးနိုင်သည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် ရောက်ရှိရာနေရာတိုင်းတွင် Check in ဝင်ပြီး ဓာတ်ပုံနှင့် မှတ်စုတို့ကိုပါ ထည့်သွင်းထားနိုင်ရန်အတွက် စီစဉ်ပေးထားသည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။