ပြည်တွင်းဈေးကွက်မှာ ဒီလောက်ကြီး လူသိမများသေးတဲ့ Kia Forte

1.jpg

ရုတ်တရက်ကြည့်လိုက်မိရင် Forte ကို Optima လို့ပဲ လူတိုင်းက ပြောကြမှာ အသေအချာပါပဲနော်။ ဒါပေမဲ့ သေချာတာတစ်ခုက Forte ဆိုတာ Optima မဟုတ်သလို၊ အလွယ်တမ်း ပြောရရင် လူချင်းဆင်တူပေမယ့် စိတ်ချင်းကွဲသလို အခုလည်း ဒီဇိုင်းချင်း ဆင်တူပေမယ့် စွမ်းဆောင်ရည်ချင်းကွဲပြားတဲ့ မော်ဒယ် တစ်မျိုးပါ။ ဟုတ်ပါတယ်၊ Forte က Optima နဲ့ ဆင်တူတာ မှန်ပေမယ့် စွမ်းဆောင်ရည်ချင်းတော့ ကွဲပြားပါတယ်။ နောက်ပြီး အဓိကရုပ်ထွက်ကို ကြည့်မိရင်သာ Forte က Optima နဲ့ ဆင်တူတယ်လို့ ဆိုနိုင်မှာ ဖြစ်ပေမယ့် တကယ်တမ်းကျတော့ Forte မှာ သူ့ရဲ့ပင်ကိုယ် ရုပ်ထွက်လည်း ရှိပါသေးတယ်။ နောက်ပြီးတော့ Optima ထက် သာလွန်ကောင်းမွန်တဲ့ တစ်ချက်က ကိုယ်ထည် ဒီဇိုင်းတော်တော်များများ ရွေးချယ်ဝယ်ယူနိုင်တာလည်း ဖြစ်တာကြောင့် စိတ်ကြိုက်ဖြစ်စေမှာပါ။ ကဲ..ဒီတော့ အစပိုင်းတုန်းက ခပ်ဆင်ဆင်ဖြစ်နေတဲ့ Forte အကြောင်းကို ကျွန်တော်တို့ ဆက်ကြည့်ရအောင်နော်။

သိသာတဲ့ အချက်….

တန်ကြေးသင့်ကားဆိုပေမယ့် သေချာတာတစ်ခုကတော့ အသုံးပြုနိုင်အောင် တပ်ဆင်ပါရှိမယ့် Equipment တွေရဲ့ စာရင်းက တော်တော်များပါ တယ်။ နောက်ပြီးတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ ကိုယ်ထည် ဒီဇိုင်း တော်တော်များများကို ရွေးချယ်ဝယ်ယူနိုင်မယ်ဆိုတော့ ကိုယ့်ရဲ့ စိတ်ကြိုက်ဖြစ် မယ့်၊ နောက်ပြီး ထူးခြားသိသာမယ့် ဒီဇိုင်းတွေကို ရွေးချယ်ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဈေးနှုန်းအပိုင်း၊ သူကလည်း သင့်တင့်တယ်လို့ ဆိုရမလား၊ တန်တယ်လို့ ပြောရမလား၊ လူတိုင်း လက်လှမ်းမီနိုင်တယ်လို့ ဆိုနိုင်မလား၊ သေချာတာတစ်ခုကတော့ တန်ကြေးသင့် ကား ကောင်းတစ် စီး ဖြစ်ပါတယ်။ နောက်ဆုံး ပြောချင်တဲ့ တစ်ချက်ကတော့ Forte ရဲ့ မော်ဒယ်ခွဲတစ်ခုဖြစ်တဲ့ SX မော်ဒယ်က လက်ကိုင်ပိုင်း ထိန်းချုပ်မောင်းနှင်ရမှု တကယ်ကို ကောင်းမွန်တာကြောင့် Forte အကြောင်းများ သွားစုံစမ်းရင် SX က ပိုပြီး  အလေးထား ကြည့်သင့်တဲ့မော်ဒယ်တစ်မျိုးပါနော်။

တန်းမဝင်ဘူး ထင်မိတာ…

ပထမဆုံး ပြောချင်တာက အတွင်းပိုင်း အပြင်အဆင်ဆိုင်ရာ ပစ္စည်းတွေရဲ့  ကြံ့ခိုင်မှုနဲ့ အရည်အသွေးပိုင်းကို အားနည်းတယ်လို့ မြင်မိပါတယ်။ ဒီအချက်က
ကားတစ်စီးကို ရေရှည်စီးမယ် စိတ်ကူးထားသူတွေအတွက် စဉ်းစားစရာကောင်းတဲ့ တစ်ချက်ပါ။ ဒါပေမဲ့ တစ်ဖက်ကို ပြန်ကြည့်လိုက်မိတော့လည်း အာမခံက ၅ နှစ် မိုင် ၆၀၀၀၀ ဆိုတော့ ဟုတ်တုတ်တုတ်ပါဗျ။ နောက်ပြီးတော့ ဆူညံမှု၊ အဝေးပြေးလမ်းကြောင်းလို မြန်နှုန်းမြင့်မြင့် မောင်းနှင်တဲ့ အချိန်တွေမှာ အင်ဂျင်ကနေ ပုံမှန်မဟုတ်တဲ့ ဆူညံသံ အနည်းငယ် ထွက်လာနိုင်တာ ဖြစ်ပြီးတော့ ပြတင်းပေါက်တွေ ပိတ်ထားမယ်ဆိုရင်တော့ ကိစ္စမရှိလောက်ပါဘူး။ နောက်ပြီးတော့ အတွင်းခန်းလည်း အနည်းငယ် ကျဉ်းတယ်လို့ ထင်မိပါသေးတယ်။

ကိုယ်ကာယ…..

ရွေးချယ်ဝယ်ယူစရာ မော်ဒယ်ခွဲ တော်တော်များများ ထုတ်လုပ်ထားတယ်ဆိုပေမယ့် အရောင်အပိုင်းမှာတော့ Forte က စုစုပေါင်း သုံးရောင်ပဲ တွေ့ရပါတယ်။ အတွင်းပိုင်းကလည်း ရွေးချယ်စရာ နှစ်မျိုးပဲရှိမှာ ဖြစ်ပြီးတော့ အလယ်အလတ်တန်းစား Sedan တစ်စီး ဖြစ်တာကြောင့် အလျားက ၁၄ ပေနဲ့ ၁၀ လက်မ ကျော်ကျော်ရှိမှာဖြစ်ကာ မျက်နှာစာ အကျယ်က ၅ ပေနဲ့ ၁၀ လက်မ လျော့တယ်ဆိုရုံလေးပဲ ရှိမှာပါ။ ကားရဲ့ အမြင့်က ၄ ပေနဲ့ ၉ လက်မခွဲဆိုတော့ Sport ဆန်တယ်ဆိုတဲ့ ကိုယ်ထည်ရဲ့ ဒီဇိုင်းက လူကြိုက်များနိုင်ပေမယ့် အရပ်ရှည်တဲ့သူတွေအတွက်ဆိုရင် အဆင်ပြေပါ့မလား၊ စဉ်းစားစရာပါ။ နောက်ပြီးတော့ Off-
Raod အတွက်ပါ ရည်ရွယ်ထားပုံရတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်နိုင်မှုက ၅.၉ လက်မ ရှိမှာပါ။ အတွင်းခန်း ကျယ်ဝန်းမှုက ရှေ့ဘက် ၅၆ လက်မနီးပါးနဲ့ နောက်ဘက်ခန်း ၅၅ လက်မ မပြည့်တပြည့်ရှိမှာပါ။ ဒီလောက် ပမာဏက ပုံမှန်အတိုင်း ဆိုပေမယ့် အနိမ့်အမြင့် အပိုင်းကပဲ စကားနည်း
နည်း ပြောပါလိမ့်မယ်။ ကားတစ်စီးလုံးရဲ့ အလေးချိန်ကပေါင် ၂၇၀၀ ကျော်ရှိမှာဖြစ်ပြီးတော့ အမြင့်ဆုံး တင်ဆောင်ရုန်းကန်နိုင်မယ့် ဝန်ပမာဏက ပေါင် ၈၀၀ ကျော် ဖြစ်ပါတယ်။

စွမ်းအားရှင်….

ကားတစ်စီးလုံးအတွက် စွမ်းအင်တွေ ပင်မထုတ်လုပ်ပေးဖို့ တပ်ဆင်ထားမယ့် အင်ဂျင်က ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ သူ့ရဲ့ လည်
ပတ်အား အပတ်ရေ ၄၃၀၀ မှာ ရုန်းအားက ၁၄၄ ပေ-ပေါင်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၅၆ ကောင်အားဆိုတော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၆၂၀၀ ထိအောင် ဖြစ်တာကြောင့် ပုံမှန်ထက်လည်ပတ်နှုန်းအပိုင်းမှာတော့ နည်းနည်းမြင့်နေတာတွေ့ရပါတယ်။ နောက်ပြီး အင်ဂျင်ရဲ့အရွယ်ကလည်း ၂.၀ လီတာဆိုတော့ ဆီစားနှုန်း နည်းနည်းထိနိုင်ပါသေးတယ်။  ရှေ့ဘီးယက် စနစ်ဖြစ်ပြီးတော့ Manual စနစ်ကို အသုံးပြု ပြီး စုစုပေါင်း ဂီယာချက် ၆ ချက်ထိအောင် သုံးစွဲမောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။

စွမ်းဆောင်ရည်….

Manual စနစ်နဲ့ဆိုတော့ ပုံမှန် Auto စနစ်သုံး ကားတွေထက် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်မှာ ဖြစ်ပြီးတော့ အင်ဂျင်အပိုင်းမှာ ကျွန်တော် မိတ်ဆက်ပေးနေတာ က ၂.၀ လီတာသုံး ဖြစ်ပေမယ့် တခြား ၂.၄ လီတာသုံး အရွယ်ကြီး အင်ဂျင်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ မော်ဒယ်ခွဲတွေ အားလုံးထဲမှာ SX မော်ဒယ်က ကျွန်တော် သဘောအကျဆုံး မော်ဒယ်လို့ဆိုရမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း မြင့်မားတာတွေ့သလို တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၈.၈ စက္ကန့်ယူမှာ ဖြစ်ပါတယ်။ ဒီနှုန်းက ပုံမှန် ၂.၀ လီတာသုံး ကားတွေနဲ့စာရင် အနည်းငယ် အားနည်းတယ်လို့ ဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ Turbo စနစ် ထည့်သွင်းထားတာ မဟုတ်တာကြောင့် အရမ်းကြီးတော့လည်း အပြစ်ပြောလို့ မရပြန်ပါဘူး။ ဆီစားနှုန်းအပိုင်းကို ကြည့်မယ်ဆိုရင် ဆီတစ်ဂါလံကို ပျမ်းမျှ ၃၀ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မှာဖြစ်ပြီး ကျွန်တော့် အမြင်အရတော့ ဆီစားနှုန်းက ပုံမှန်ထက်တောင်မှ နည်းနည်း တာသွားနေပါသေးတယ်။ ဒါပေမဲ့ သဘောကျမိတာ တစ်ချက်က မြို့ တွင်းလမ်းကြောင်းတွေ အတွက်ပိုမိုကောင်းမွန်တာကြောင့် မြို့တွင်းစီးအဖြစ်သုံးမယ် စိတ်ကူးထားသူတွေအတွက် ကောင်းမွန် ပါလိမ့်မယ်။ ဆီစားနှုန်းကို ကြည့်မယ်ဆိုရင် မြို့ တွင်း လမ်းကြောင်းတွေမှာ ဆီတစ်ဂါလံကို ၂၅ မိုင်နှုန်းနဲ့ အဝေးပြေး လမ်းကြောင်းတွေမှာဆိုရင် ၃၄ မိုင်လောက် ထိအောင် စီးနင်းသွားလာ နိုင်မှာလည်း ဖြစ်ပါတယ်။

စိတ်ချယုံကြည်စရာ….

အာမခံ အပိုင်းက ၅ နှစ် မိုင် ၆၀၀၀၀ ဆိုတဲ့ အတိုင်းအတာတစ်ခုက လူတိုင်း ငဲ့ကြည့်သင့် လောက်တဲ့ အခြေအနေ တစ်ရပ်ပါ။ ABS စနစ်ကို တပ်ဆင်ထား
တယ်၊ ဒါပေမဲ့ ခေတ်ကျန်နေခဲ့တဲ့ ABS တော့ မဟုတ်ဘူး။ ထိန်းချုပ်ရမှုအပိုင်း တော်တော်လေးကောင်းမွန်တာ တွေ့ရပြီး Tractionနဲ့ Stability တွေလို အကူ
စနစ်တွေကလည်း ကောင်းမွန်ပါတယ်။ ဘရိတ်ပိုင်းမှာ SX Coupe က တစ်နာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၁၈ ပေ ယူမှာဆိုတော့ ပုံမှန် ထက်ကောင်းမွန်တဲ့ နှုန်းထား ဖြစ်ပြီးတော့ Hatchback မှာဆိုရင် ၁၂၂ ပေ ယူမှာ ဆိုတော့ ပုံမှန်အနေအထား ဖြစ်ပါတယ်နော်။ အသက်ကယ်လေအိတ်စနစ် အပိုင်းမှာ ရှေ့ဘက် အသက်ကယ် လေအိတ်စနစ်နဲ့ ဘေးဘက်စုပေါင်း အသက်ကယ် လေအိတ်စနစ်နှစ်မျိုး တပ်ဆင်ထားတာ တွေ့ရပါတယ်။ ကဲ..ဒါဆို Forte က ဆီစားနှုန်း အပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းအရပါ မနည်းလေး ဆွဲဆောင်နိုင်တဲ့ မော်ဒယ်တစ်မျိုးလို့ ထင်မိပါတယ်နော်။ ကျွန်တော့် အမြင်အရဆိုရင် ကြယ်ငါးပွင့်မှာ လေးပွင့် လောက်ရနိုင်မယ့် မော်ဒယ်တစ်မျိုးပါနော်။