Life is Strange Episode 3: Chaos Theory Review

Game-Mz_GameSpot.com_.Life-is-Strange-ReviewGameReview_2015JUly23.jpg

2015 ခုနှစ်ဟာ Episode တစ်ခုချင်းအလိုက်ခွဲပြီး ရောင်းချတဲ့ ဂိမ်းတွေ အများဆုံးထွက်တဲ့ နှစ်လို့ ပြောရလောက်အောင် Episodic ဂိမ်းသစ်တွေ အများအပြား ထွက်ရှိလျက်ရှိပါတယ်။ Developer Telltale Games ရဲ့ Game of Thrones နှင့် Tales from Borderlands စီးရီးနှင့် နောက်ပိုင်းထွက်လာမည့် Minecraft Story Mode, ပြီးတော့ Capcom ရဲ့ Resident Evil Revelations 2 Series တွေနှင့်အတူ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းစီးရီး နောက်တစ်ခုကတော့ Science Fiction Action ဂိမ်း Remember Me ကို ရေးဆွဲခဲ့တဲ့ developer Dontnod Entertainment က ဖန်တီးထားတဲ့ Life is Strange ဂိမ်းစီးရီးပဲ ဖြစ်ပါတယ်။ 2015 ခုနှစ်အစောပိုင်းမှာ Episode 1 ထွက်ရှိထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဇာတ်သိမ်းပိုင်းအထိ အပိုင်းငါးပိုင်းထွက်ရှိဖို့ ရည်ရွယ်ထားတယ်လို့ Publisher Square Enix က ကြော်ငြာထားပါတယ်။ Life is Strange ဂိမ်းစီးရီးဟာ အချိန်တွေကို နောက်ပြန်ဆွဲနိုင်တဲ့ time rewinding ability ကို အသားပေး
ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Action အသားပေး စွန့်စားခန်း ပုံစံမျိုးထက် ဇာတ်လမ်းပိုင်းနှင့်အတူ puzzle ပိုင်းများနှင့် exploration ပိုင်းများကို အသားပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။

Life is Strange ဂိမ်းမှာ ကစားသူဟာ Arcadia Bay၊ Oregon က ဓာတ်ပုံပညာသင်ယူနေတဲ့ ကျောင်းသူလေး Maxine Caulfield (Max) နေရာက ကစားရမှာဖြစ်ပြီး ဇာတ်လမ်း အစပိုင်း ကျောင်းတက်နေချိန် အတွင်းမှာပဲ အချိန်တွေကို နောက်ပြန်ဆွဲနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို လူသတ်မှုတစ်ခုကိုတားဖို့ ကြိုးစားခြင်း သိရှိခဲ့ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။ Max အနေနှင့် အချိန်နောက်ပြန် ဆွဲနိုင်တယ်ဆိုပေမယ့် ရက်ပေါင်း၊ လပေါင်းများစွာ အချိန်ကို လူကိုယ်တိုင် ပြန်သွားနိုင်တဲ့ time travelling ability ပုံစံမဟုတ်ဘဲ Tape ခွေတွေ နောက်ပြန်ရစ်သလို
Rewind လုပ်လို့ရတဲ့ အစွမ်းမျိုးလုပ်ထားတဲ့အတွက်ကြောင့် အချိန်အကြာကြီးနောက်ပြန်သွားတာ မဟုတ်ဘဲ မိနစ်ပိုင်းသာ သွားလို့ရတဲ့ ပုံစံလုပ်ထားပါတယ်။ အမျိုးသမီး ဇာတ်ကောင်တွေကိုပဲ အဓိကဇာတ်လိုက်တွေအဖြစ် အသားပေးထားတဲ့ Life is Strange ဂိမ်းမှာ Maxine Caulfield အနေနှင့် သူမရဲ့ ငယ်သူငယ်ချင်းဟောင်း Chloe Price နှင့်ပြန်လည်ဆုံတွေ့ပြီး နောက်မှာတော့ ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ Rachel Amber အမည်ရ ကျောင်းသူလေးကို သူမရဲ့ အစွမ်းတွေ အသုံးပြု ပြီး ပြန်လည်ရှာဖွေပုံ ဇာတ်လမ်းစထားပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာပျက်နိုင်လောက်တဲ့အထိ ဆိုးရွားတဲ့ အဖြစ်အပျက်တွေနှင့် သူ့ရဲ့ time rewinding အစွမ်းကို အသုံးပြု ပြီး ပြု ပြင်ပြောင်းလဲနိုင်တဲ့ အချက်တွေ ဆက်စပ်နေပုံကို မြင်တွေ့ ရမှာဖြစ်ပါတယ်။

အချိန်ခရီးသွားလာခြင်းမှာ အဓိကအသုံးပြုတဲ့ Butterfly effect theory ကို အခြေခံပြီးတော့ အတိတ်က ပြောင်းလဲမှုများဟာ အနာဂတ် ကာလအပေါ်မှာ မှန်းဆလို့မရတဲ့ အဖြစ်အပျက်ပေါင်း
များစွာဖြင့် အကျိုးသက်ရောက်မှု ရှိပုံကို အခြေခံပြီးတော့ Max ရဲ့ rewind ability အစွမ်းကို အသုံးချရမှာဖြစ်ပြီး ဂိမ်းရဲ့ storyline ကြာလာတာနှင့်အမျှ Max အနေနှင့် အရင်ထက်ပိုပြီး ဝေးကွာတဲ့
အချိန်များအထိ နောက်ပြန်ဆွဲလာနိုင်တာတွေ့ရပါတယ်။ Puzzle ပိုင်းအတွက်လည်း ပုံစံသစ်တွေ မိတ်ဆက်ပေးနိုင်ခဲ့ပြီး အချိန်ကြာလာတာနှင့်အမျှ  ကစားသူနှင့်အတူ Max ကိုယ်တိုင်လည်း သူ့ရဲ့
အစွမ်းတွေကို ပိုပြီး အကျိုးရှိစွာ အသုံးချနိုင်လာတာ တွေ့ရပါတယ်။ အရေးကြီးတဲ့စကားတွေ ဘယ်အချိန်မှာပြောမယ်ဆိုတာကို မှတ်ပြီး အတိတ်ပြန်သွားတဲ့ dialoge puzzle တွေ၊ အခန်းတွေကို
ဗုံးတွေနှင့် ဖောက်ပြီးတော့ အခန်းတွင်းဝင်ပြီး အပေါက်ပြန်ပိတ်အောင် အတိတ်ကို အချိန်ရွှေ့လိုက်တာ အစရှိသဖြင့် puzzle ပုံစံသစ်တွေလည်း ထပ်ပြီး ပါဝင်လာပါတယ်။

တစ်ဂိမ်းလုံးအတွင်းက အချိန်တွေကိုတော့ rewind လုပ်နိုင်မှာ မဟုတ်ဘဲ သတ်မှတ်ထားတဲ့ Checkpoint ကို ကျော်လွန်သွားတိုင်း မိမိအသုံးပြုထားတဲ့ dialogue နှင့် ရွေးချယ်မှုတွေ အားလုံးကို ဂိမ်းက မှတ်သွားမှာဖြစ်လို့ Checkpoint မတိုင်ခင် အချိန်တိုင်း စိတ်ကြိုက်ရွေးချယ်မှုတွေ ပြန်ပြင်နိုင်ပေမည့် Checkpoint အပြီး နောက်ပိုင်း Chapter တွေမှာဆိုရင်တော့ ပုံသေ သတ်မှတ်ခြင်း ခံထားရတဲ့ ရွေးချယ်မှုတွေက ဇာတ်လမ်းကို ပြောင်းလဲသွားစေနိုင်မှာပါ။  အရင် Episode တွေထဲက ရွေးချယ်မှုတွေဟာ Episode 3 storyline မှာ အကျိုးသက်ရောက်မှုရှိနေမှာဖြစ်ပြီး တကယ်လို့ အရင် Episode တွေ မဆော့သေးသူတွေ Save files မရှိတော့သူတွေအတွက် auto-decision ရွေးချယ်မှုတွေ ပါဝင်ထားပါတယ်။

Visual Novel ဇာတ်လမ်းဆန်ဆန် high school ဂိမ်းနှင့် science fiction ပုံစံ ရောစပ်ထားတဲ့ အချိန်နောက်ပြန် ဆွဲနိုင်တဲ့ time rewind ability တို့က Life is Strange ရဲ့ ထူးခြားချက်တွေဖြစ်ပြီး
စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေလည်း အများကြီး ပါဝင်ထားပါတယ်။ နောက်ပိုင်း ဆက်ထွက်လာမည့် Episode 4 မှာဆိုရင်လည်း Max အနေနှင့် ပိုမိုဆန်းပြားတဲ့ စွမ်းအင် သစ်တွေကို တွေ့ရှိဦးမှာမို့လို့ Adventure နှင့် Science Fiction ဂိမ်းပရိသတ်တွေ သဘောကျမယ့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။