disk cloning

Disk cloning ဆိုသည်မှာ ကွန်ပျူတာ၏ hard drive တစ်ခုမှ content များကို ကူးယူခြင်း ဖြစ်သည်။ ၎င်း content များကို ပုံမှန်အားဖြင့် disk image ဖိုင်တစ်ခုအနေဖြင့် သိမ်းဆည်းကာ ကွန်ပျူတာ၏ hard drive သို့မဟုတ် DVD နှင့် USB drive ကဲ့သို့သော removable media တွင် သိမ်းဆည်းကြသည်။

Disk cloning ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များတွင် –

– ကွန်ပျူတာတွင် ချို့ယွင်းမှုများ ဖြစ်ပေါ်သည့်အခါ မူလအခြေအနေကို ပြန်လည်ရရှိစေရန် system recovery ပြုလုပ်ခြင်း

– ကွန်ပျူတာသစ်တစ်ခုတွင် system configuration ကို ပြန်လည်ဖန်တီးခြင်း

– ကွန်ပျူတာကို အခြားသူထံ ရောင်းချခြင်း သို့မဟုတ် ပေးအပ်ခြင်း ပြုလုပ်ရာတွင် ကိုယ်ရေးအချက်အလက်များ မပါစေရန်အတွက် system ကို မူရင်း configuration အဖြစ် ပြန်လည်ပြောင်းလဲခြင်း တို့ပါဝင်သည်။

Disk cloning ကို ghost imaging အနေဖြင့်လည်း လူသိများကြသည်။