Hinsense Sero 7 LT

s7lt_apps2.jpg

တန်ဖိုး – ကန်ဒေါ်လာ ၈၉.၉၉

အားသာချက် – Hinesense Sero 7LT tablet သည် ဈေးနှုန်းချိုသာပြီး HDMI Mino port ပါဝင်တဲ့ budget tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အားနည်းချက် – Resolution နည်းပြီး Touch လုပ်ငန်းလုပ်ဆောင်မှုမှာ အနည်းငယ် နှေးကွေးပါတယ်။ budget tablet အမျိုးအစားတစ်ခု ဖြစ်တဲ့အတွက် GPS စနစ်တော့ ပါဝင်မှာမဟုတ်တာကိုလည်း တွေ့ရပါမယ်။

သုံးသပ်ချက် – စီးပွားရေးလုပ်ငန်းများမှာ သုံးစွဲနိုင်မယ့် tablet အမျိုးအစားတစ်ခုဖြစ်ပြီး အခြားသော ဖျော်ဖြေမှု လုပ်ငန်းများအတွက် သုံးစွဲသင့်တဲ့ tablet အမျိုးအစားမျိုးတော့ မဟုတ်ပါဘူး။ ဈေးနှုန်းမျှတပြီး လုပ်ငန်း သုံးနိုင်မယ့် tablet ဖြစ်ပါတယ်။ အကယ်၍ ဖျော်ဖြေရေးအတွက် သုံးစွဲချင်တယ်ဆိုရင် Hinsense Sero 7 Pro ကို အသုံးပြုသင့်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Dual Core Processor ကို သုံးစွဲထားပါတယ်။ Processor ရဲ့ အမြန်နှုန်းကတော့ 1.6 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 4GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ အချက်အလက်များများ သိမ်းဆည်းချင်သူများအတွက် Micro SD ကို ထည့်သွင်း အသုံးပြုနိုင်စေဖို့ စီစဉ်ပေးထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 4.1 Version ကို အသုံးပြုထားပြီး Display Screen မှာ capacitive touch screen ကိုအသုံးပြုထားပါတယ်။ Resolution ကတော့ 1024 x 600 resolution ရှိပြီး Screen အရွယ်အစား ၇လက်မ ခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာကတော့ Front Camera တစ်ခုသာ ပါဝင်မှာဖြစ်ပြီး 0.3 Megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြုထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 3400mAh ရှိမှာဖြစ်ပါတယ်။ HDMI အသုံးပြုချင်သူများအတွက် HDMI Mini port ကို ထည့်သွင်းပေးထား တာကို တွေ့မြင်ရပါမယ်။

ဒီဇိုင်း – Tablet ရဲ့ ဘယ်ဘက်ထောင့် အပေါ်ဘက်မှာ ကင်မရာကို တွေ့မြင်ရမှာဖြစ်ပြီး Power button နဲ့ Volume button တွေကို ဘယ်ဘက်အခြမ်းမှာ တပ်ဆင်ပေးထားပါတယ်။ Mini HDMI, MicroSD, Headphone Port, Micro-USB port အစရှိတာတွေကို tablet ရဲ့ အပေါ်ဘက်မှာ ထားရှိပေးထားပါတယ်။ Speaker ကို tablet ရဲ့ အနောက်ဘက်မှာ တပ်ဆင်ထားတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။