Intel 80386

386 နှင့် i386 ဟူ၍လည်း လူသိများကြသော Intel 80386 ဆိုသည်မှာ ၁၉၈၅ ခုနှစ် အောက်တိုဘာလတွင် မိတ်ဆက်ပေးခဲ့သော တတိယမျိုးဆက် Intel x86 microprocessor ဖြစ်သည်။ Intel ၏ 8086 နှင့် 80286 နောက်တွင် 386 ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ နောက်တွင် 80486 ထွက်ပေါ်လာခဲ့သည်။

80386 ကို math coprocessor တစ်ခုမပါဝင်သော ဈေးသက်သာသည့် ဗားရှင်းတစ်မျိုးဖြစ်သည့် 386SX အပါအဝင် နောက်ဆက်တွဲဗားရှင်းများဖြင့်လည်း ဖြန့်ချိခဲ့သည်။

အချို့သော 386 processor များတွင် 32-bit ကို အသုံးပြုသည့်အခါ ကွန်ပျူတာစနစ် အလုပ်မလုပ်တော့သည့် အားနည်းချက်တစ်ခု ရှိခဲ့သည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် Intel က စမ်းသပ်ပရိုဂရမ်တစ်ခုကို ဖန်တီးခဲ့သည်။