Windows တွင် Driver Update ကို Disable ပြုလုပ်ခြင်း

how-to.jpg

Windows Opearting System အသုံးပြုထားတဲ့ ကွန်ပျူတာတစ်လုံးမှာ Hardware တစ်ခုခုကို အသစ်တပ် ဆင်လိုက်တယ်ဆိုရင် Windows Update ပြုလုပ်တဲ့အချိန်တိုင်းမှာ အဆိုပါ device ရဲ့ driver ကို အလို အလျောက် update install ပြုလုပ်ဖို့ အတွက် အမြဲတမ်း ပြုလုပ်နေပါလိမ့်မယ်။

ဒီလိုမျိုး driver တွေကို အလိုအလျောက် update ပြုလုပ်ခြင်းက တားဆီးပိတ်ပင်ချင်တယ်ဆိုရင် အောက်ဖော် ပြပါ နည်းလမ်း ၂မျိုးနဲ့ auto update ကို disable ပြုလုပ်ထားနိုင်ပါတယ်။ ပထမ နည်းလမ်းကတော့ System ထဲကနေ သွားပြင်ရပါမယ်။ Windows 8 အသုံးပြုသူများအတွက် Win + X key ကို နှိပ်ပြီး system ဆိုတာကို ကိုရွေးချယ်လိုက်ပါ။ Windows 7 သမားများအတွက်ကတော့ Win + Pause Break Key ကို တွဲ နှိပ်ရပါမယ်။

ပြီးသွားရင် Advanced system settings ဆိုတာကို နှိပ်လိုက်ပါ။

System Properties ဆိုတာထဲကို ရောက်သွားရင် Hardware ဆိုတဲ့ Tab ကိုရွေးချယ်ပေးရပါမယ်။


နောက်တစ်ဆင့်ကတော့ Hardware အောက်မှာ Device Installation Settings ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် Device Installation Settings အောက်ကို ရောက်သွားပါမယ်။
Device Installation Settings အောက်ကိုရောက်ပြီဆိုရင် No, Let me choose what to do ဆိုတာနဲ့ Never install driver software from Windows update ဆိုတာကိုရွေးချယ်ပေးထားရပါမယ်။ ပြီးသွားရင်တော့ Save Changes ဆိုတာကို နှိပ်ပြီး ထွက်ရပါမယ်။

Group Policy ကနေ ပြုလုပ်ချင်သူများအတွက်ကတော့ Win + R ကို နှိပ်ပြီး run box မှာ gpdedit.msc ဆိုတဲ့ command ကို ထည့်ရပါမယ်။


Group Policy အောက်ကို ရောက်ပြီဆိုရင် Computer Configuration -> Administrative Templates -> System -> Internet Communication Management -> Internet Communication settings ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။


Internet Communication settings အောက်မှာ Turn off Windows Update device driver searching ဆိုတာကို ရွေးပြီး double-click ပြုလုပ်ရပါမယ်။


Double-click ပြုလုပ်ပြီးရင်တော့ Enable ဆိုတာကိုရွေးချယ်ပြီး Ok ကို နှိပ်ကာ Group Policy ကနေ ထွက် လိုက်ရင် Windows Update ပြုလုပ်တိုင်းမှာ Driver တွေကို Update ပြုလုပ်မယ့် Feature ကို Disable ပြု လုပ်ပြီးသွားပြီဖြစ်ပါတယ်။

Ref: maketecheasier