



Fuji Xerox Asia Pacific Pte.Ltd နှင့် Concordia International Co Ltd တို့ ပူးပေါင်းမှုဖြင့် နောက်ဆုံးပေါ် Laser Printers ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို ဇူလိုင်လ၂၄ ရက်၊ ညနေ ၅ နာရီက Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင်Fuji Xerox Asia Pacific မှ Regional Product Marketing Manager Ms.Ginny Foo က မြန်မာပြည်နှင့် အသင့်လျော်ဆုံး နောက်ဆုံးပေါ် ခေတ်မီအဆင့်မြင့် Laser Printer များနှင့် စပ်လျဉ်းသည့် Multimedia Presentation ကို ပြသရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။