CALL OF DUTY ADVANCED WARFARE

game_review_15-45.jpg

Activision ရဲ့ Call of Duty စီးရီးဟာ နှစ်ကုန်ခါနီးတိုင်း အမြဲတမ်း ဂိမ်းသစ်ထွက်လေ့ရှိတဲ့ စာရင်းထဲမှာပါဝင်ပေမယ့် ဂိမ်းရေးသားချိန်ကို တစ်နှစ်အတွင်း အမြန်ရေးတာမဟုတ်ဘဲ Ubisoft နှင့်
Assassin’s Creed စီးရီးလိုမျိုး developer အဖွဲ့တွေခွဲပြီး အချိန်ယူရေးဆွဲခဲ့လို့ ဇာတ်လမ်းပိုင်း၊ gameplay ပိုင်း quality ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၃ တုန်းက Call of Duty Ghosts ကို Infinity Ward က ရေးဆွဲခဲ့ပြီး ပုံမှန်ဆိုရင် Treyach ရဲ့ဂိမ်းအသစ် ထွက်ရမယ့်နှစ်ဖြစ်ပေမယ့် နောက်ထပ် developer တစ်ဖွဲ့ဖြစ်တဲ့ Sledgehammer Games ဂိမ်းဟာ Call of Duty Advanced Warfare ကို သုံးနှစ်ကျော်ကြာ အချိန်ပေးရေးဆွဲခဲ့ကြောင်း သိရပြီး အရင်သုံးနေကြ IW Engine အစား Sledgehammer Games ရဲ့ Custom Game Engine အသစ်ကို အသုံးပြုထားလို့ graphics ပိုင်းအကောင်းဆုံးနှင့် ခေတ်အမီဆုံး next generation Call of Duty ဂိမ်းသစ်အဖြစ် မြင်တွေ့ရမှာပါ။ World War II ခေတ်က ဂိမ်းတွေနဲ့ စတင်ခဲ့တဲ့ Call of Duty Series ဟာ CoD:Black Ops II မှာတော့ တိုးတက်တဲ့ အနာဂတ်အချိန် ၂၀၂၅ ခုနှစ်မှာ အဓိကနေရာယူထားပြီး စက်ရုပ်တွေ၊ လက်နက်ဆန်းတွေ အသုံးပြုစေခဲ့သလို Call of Duty Advanced Warfare ကတော့ ၂၀၅၄ ခုနှစ်နောက်ပိုင်းမှာ နေရာယူထားလို့ အရင်ထက်ပိုပြီး ဆန်းပြားတဲ့လက်နက်နဲ့ နည်းပညာ အသစ်အဆန်းတွေ ပါဝင်ထားတာတွေ့ရပါတယ်။

Call of Duty Advanced Warfare ရဲ့ campaign တစ်လျှောက်မှာ အရင်ထက်ပိုပြီး အချိန်ယူရေးဆွဲထားတဲ့ အချက်တွေကို သတိထားမိမှာဖြစ်ပြီး ဇာတ်လမ်းအစကတည်းက ပြသတဲ့ cutscenes တွေဟာ
ဆိုရင်လည်း လူသားသရုပ်ဆောင်တွေနီးပါး သဘာဝကျတဲ့ လှုပ်ရှားမှုနဲ့ မျက်နှာအမူအရာတွေကို မြင်တွေ့ရမှာဖြစ်ပြီး စတင်ကြော်ငြာချိန်ကတည်းက အသားပေးပြသထားတဲ့ Oscar ဆုရမင်းသားကြီး Kevin Spacey ရဲ့ဇာတ်ကောင် Jonathan Irons ကိုဆိုရင်လည်း အဆင့်မြင့် motion capture နည်းတွေသုံးပြီး ဖန်တီးထားလို့ cutscenes တွေကတော့ အရင်ထက်ပိုပြီး အသက်ဝင်နေတာကို တွေ့ရပါတယ်။

၂၀၅၄ ခုနှစ်မှာ ဇာတ်လမ်းစတင်ထားတဲ့ Call of Duty Advanced Warfare မှာ ကစားသူဟာ United States Marine Corps ရဲ့ တပ်သားဖြစ်သူ Jack Mitchell နေရာက ဝင်ရောက်ကစားရမှာဖြစ်ပြီး South Korea နိုင်ငံ Seoul မြို့ကို North Korea နိုင်ငံက ဝင်ရောက်ကျူးကျော်တိုက်ခိုက်တဲ့တိုက်ပွဲအပြီး သူငယ်ချင်းဖြစ်သူ Will Irons သေဆုံးပြီး Jack Mitchell အနေနဲ့ လက်တစ်ဖက်ပြတ်သွားခဲ့ပါတယ်။ Jack Mitchell အနေနဲ့ Will Irons ရဲ့ဈာပနအပြီးမှာ Will ရဲ့ဖခင် Jonathan Irons တည်ထောင်ထားတဲ့ စစ်ရေးဆိုင်ရာမှာ ခွန်အားအကြီးဆုံး private military contractor ဖြစ်တဲ့ Atlas Corporation ရဲ့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ Jack ဟာ အဆင့်မြင့် prosthetic အစားထိုးလက်နှင့်အတူ စွမ်းရည်မျိုးစုံအသုံးပြုနိုင်တဲ့ exoskeletal armor တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို အစကတည်းက ကြော်ငြာထားသလိုပဲ ကမ္ဘာကြီးကို အပိုင်စီးဖို့ကြံစည်နေတဲ့ Jonathan Irons ကို ပြန်လည်တားဆီးဖို့ ကြိုးစားရပုံ ဇာတ်လမ်းဆင်ထားတာတွေ့ရမှာပါ။ Advanced Warfare ရဲ့ Jonathan Irons ပါဝင်တဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ စိတ်ဝင်စားစရာ dialogue တွေနဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုမျိုးစုံ ပါဝင်ထားသလို ကစားသူရဲ့ ဇာတ်ကောင် Jack Mitchell (အသံသရုပ်ဆောင် – Troy Baker) ရဲ့ စကားပြော ခန်းတွေလည်း ပါဝင်ထားတဲ့အတွက် နောက်ပိုင်း Call of Duty ဂိမ်းတွေအနေနဲ့ Sledgehammer Games က တင်ဆက်သွားတဲ့ cutscenes တွေရဲ့ quality ကိုမီဖို့ အရင်ထက်ပိုပြီး ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

Gameplay ပိုင်း အဓိကထူးခြားချက်ကတော့ အမြင့်ကြီးခုန်နိုင်သလို လေထဲမှာ တစ်ချက်ထောက်ပြီးပြေးနိုင်တဲ့ Dash ability ပါဝင်ထားပြီး Batman လိုမျိုး Grapple Hook ကိုလည်း အသုံးပြုနိုင်ပါတယ်။  ရန်သူတွေကို ဖောက်ထွင်းမြင်ရအောင် လုပ်ပေးတဲ့ ဗုံးတွေ၊ လျှပ်စစ်အသုံးပြုထားတဲ့စက်ရုပ်တွေ၊ drone swarm တွေကို ရပ်တန့်သွားစေမယ့် EMP Shockwave grenade တွေအစရှိသဖြင့် ability နဲ့ လက်နက်တွေ ပါဝင်ထားပါတယ်။ Advanced Warfare ရဲ့ ဇာတ်လမ်းတစ်လျှောက်မှာ စွမ်းရည်မျိုးစုံပါဝင်တဲ့ Exo suit တွေ အသုံးပြုနိုင်သလို multiplayer မှာဆိုရင်လည်း Exo suit တွေ ဝတ်ဆင်ထားလို့ ပုံမှန် CoD Multiplayer mode တွေထက် အသက်ပိုပြင်းပြီး head shot ကလွဲလို့ ကျည်တစ်ချက်၊ နှစ်ချက်မှန်ရုံနဲ့ သေသွားမှာမဟုတ်သလို Titanfall လိုမျိုး သွက်လက်တဲ့ gameplay နဲ့ ပိုကျယ်တဲ့ မြေပုံတွေ ပါဝင်ထားတာတွေ့ရပါတယ်။ အရင်လို Co-op mode လည်း ပါဝင်ထားပေမယ့် zombies တွေ၊ ဂြိုဟ်သားတွေမဟုတ်ဘဲ သာမန်ရန်သူစစ်တပ်ကို wave ၂၅ ခု ခုခံတိုက်ခိုက်ရတဲ့ Exo survival ပါဝင်ထားပြီး ရိုးရိုးစစ်သားတွေအစား စက်ရုပ်တွေ၊ zombies တွေဆိုရင်တော့ ကစားရတာ ပိုသွက်နိုင်ပါတယ်။ Customization option မှာ လက်နက် loadout အပြင် ဝတ်စုံ၊ ခေါင်းစွပ်နှင့် မျက်မှန်အစရှိတဲ့ accessory မျိုးစုံကိုပြင်ဆင်နိုင်ပြီး headshot အများကြီးပစ်နိုင်ရင် ရတဲ့ Bloodshed helmet လိုမျိုး skill-specific accessory တွေလည်း ပါဝင်ထားပါတယ်။

Call of Duty – Advanced Warfare ဟာ နှစ်စဉ်နှစ်တိုင်း ထွက်နေကြ ဂိမ်းတစ်ခုဖြစ်ပေမယ့် science fiction gameplay features အသစ်တွေ၊ စိတ်ဝင်စားစရာ cutscenes တွေ ဆက်လက် ထည့်သွင်းပေးနိုင်
တာမြင်တွေ့ရပြီး updated graphics နှင့် level design တွေနဲ့အတူ Multiplayer ပိုင်းလည်း အရင်ထက် ပိုမိုကောင်းမွန်လာတဲ့အတွက်ကြောင့် first person shooter ပရိသတ်တွေ သဘောကျဦးမယ့် ဂိမ်းဖြစ်ပါတယ်။
-နေအောင်လတ် (mmgamers.com)