Yangon Trains

Yangon-Trains.jpg

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ရထားခရီးစဉ်များ၏ ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် အစရှိသည်တို့ကို ကြည့်ရှုနိုင်မည့် app ဖြစ်သည်။ ထို့ပြင် ပြေးဆွဲသည့် ရထားအမျိုးအစား၊ ရထားစီးနှုန်းခ အစရှိသည်တို့ကိုလည်း ကြည့်ရှုနိုင်ရန်အတွက် စီစဉ်ပေးထားသည်။

အဆိုပါ app ကို လူငယ် developer စောရဲမော်မှ ဖန်တီးပြုလုပ်ပေးထားပြီး Android Version အတွက် ဇူလိုင်လ ၂၆ ရက်မှ Play Store တွင် စတင်ဖြန့်ချိပေးခဲ့သည်။ Download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 4.1MB ခန့်သာရှိမည်ဖြစ်ပြီး Android version 2.3.3 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။