Panasonic မှ 2015 Smart TV ဖြစ်သော 4K TV(Model TH-85X940S) မိတ်ဆက်ပွဲကျင်းပ

11168763_10206985035205530_1824359877133290572_n.jpg

Panasonic အနေဖြင့် ၂၀၁၅ ခုနှစ်ထုတ် Smart TV ဖြစ်သော 4K TV(Model TH-85X940S) မိတ်ဆက်ပွဲအား ဇူလိုင် ၂၄ ရက်၊ ညနေ ၆ နာရီ မှ ၈ နာရီခွဲအထိ Sule Shangri Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် အဖွင့်အမှာစကားအား Panasonic မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဇူလိုင် ၂၆ ရက်မှ စကာ ဈေးကွက်အတွင်း သို့ စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ဖြန့်ချိမည့်ဈေးနှုန်း ကိုမူ ပြောကြားသွားခြင်း မရှိပေ။

Panasonic 4K TV(Model TH-85X940S) အနေဖြင့် 85 Inch ဖြစ်ပြီး TX-85X940’s 3840×2160 pixel resolution ကို အသုံးပြုထားသည့်အတွက် Movie များနှင့် Photo များကို သာမန် HD အရည်အသွေးထက် လေးဆ ပိုမို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ HDMI Port လေးခု, USB Port နှစ်ခု, DLAN စနစ်နှင့် Fire Fox OS အသုံးပြုပေးထားသည်။ Support Format အများအပြားကို အထောက်အပံ့ပေးကာ 3D မျက်မှန်လေးလက် ပါဝင်မည် ဖြစ်သည်။

အသေးစိတ်သိရှိလိုသူများနှင့် ဝယ်ယူလိုသူများအနေဖြင့် ဖုန်း- ၀၁ ၈၆၀၄၆၅၇ (Ext: ၂၀၅, ၂၁၁,၂၀၃) တို့တွင် ဆက်သွယ်မေးမြန်းနိုင်သည်။