ယခင် Windows ဗားရှင်းကို Windows 10 Preview မှ Downgrade ပြုလုပ်ခြင်း

cover.jpg

Windows 10 Preview version ကို စမ်းသပ်သုံးစွဲချင်လို့ Upgrade ပြုလုပ်ထားတာပဲဖြစ်ဖြစ်၊ မသိလိုက်ဘဲ Upgrade ပြုလုပ်မိတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မိမိ သုံးစွဲနေကြ ဆော့ဖ်ဝဲများ အဆင်ဆင်ပြေပြေ မသုံးစွဲနိုင်တဲ့အခါမှာ ယခင် Windows version အဟောင်းကို ပြန်ပြီး အသုံးပြုချင်ကြမှာပါ။ ယခင် Windows version အဟောင်းကို Downgrade ပြုလုပ်ချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Windows 10 ကနေ ယခင် version အဟောင်းကို downgrade မပြုလုပ်ခင်မှာ စက်ထဲမှာ ယခင်က တင်ထားတဲ့ Windows version အဟောင်း ရှိမရှိကို စစ်ဆေးရပါမယ်။ C:\ အောက်ကို သွားလိုက်ပါ။ Drvice C: အောက်မှာ Windows.old ဆိုတဲ့ ဖိုဒါ ရှိမရှိစစ်ဆေးလိုက်ပါ။ ရှိသေးတယ်ဆိုရင်တော့ ဆက်လက် လုပ်ဆောင်နိုင်ပါပြီ။

Windows 10 Technical Preview ဟာ သုံးစွဲသူတွေအတွက် အဆင်ပြေစေမယ့် version တစ်ခု မဟုတ်တာကြောင့် ဆက်လက်မသုံးစွဲလိုသော သူများအနေနဲ့ ပထမဦးဆုံး Start menu ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Settings ကိုရွေးချယ်လိုက်ရင် Settings box တစ်ခုကျလာမှာဖြစ်ပြီး System, Device, Network & Internet စတာတွေကို တွေ့ရပါမယ်။ အဆိုပါ box ထဲမှ Update & Security ဆိုတာကို ထပ်မံရွေးချယ်ရပါမယ်။ Update & Security ထဲကို ရောက်ပြီဆိုရင်တော့ ဘယ်ဘက် အခြမ်းမှာရှိတဲ့ Recovery ဆိုတာကို ရွေးချယ်ပေးရပါလိမ့်မယ်။ Recovery အောက်မှာမှ Go back to a previous version of Windows ဆိုတာကိုရွေးရပါလိမ့်မယ်။ ပြီးသွားရင် Go Start ဆိုတာကို နှိပ်လိုက်ပါ။

နောက်တစ်ဆင့်ကတော့ အပြာရောင် Screen နဲ့ အရင် version ကို Downgrade ပြုလုပ်ရလဲဆိုတဲ့ Microsoft ရဲ့ မေးခွန်းတွေရှိတဲ့ စာမျက်နှာကို ရောက်သွားပါမယ်။ အဆိုပါနေရာမှာ Windows 10 အသုံးပြုရတဲ့ User တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ထည့်သွင်းရေးသားပြီး Next ခလုတ်ကို နှိပ်ရပါမယ်။ ဒီနေရာမှာ ကိုယ်အသုံးပြုတဲ့ Windows 10 preview version မှာ password နဲ့ ကာကွယ်ထားပါက password ကို ပြန်လည်ထည့်သွင်းပြီး downgrade ပြုလုပ်ရပါမယ်။ ပြီးသွားရင် ဖော်ပြထားတဲ့ အဆင့်များအတိုင်းသွားပြီး Done ကို နှိပ်လိုက်ရင် Restart ပြုလုပ်သွားမှာဖြစ်ပြီး ယခင် version ကို ပြန်လည်စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref: pcadvisor