BarCamp STU 2015 Organizer Team

LoGo.jpg

အာကာမိုး (B.E-Civil)

Organizer Team Leader

ကျွန်တော်ကတော့ မောင်အာကာမိုးပါ။ နည်းပညာတက္ကသိုလ်(စစ်ကိုင်း) BE Civil မှာ ပညာသင်ကြားနေပါတယ်။ Barcamp STU 2015 OrganizerTeam မှ Team Leader ဖြစ်ပါတယ်။ ဒုတိယအကြိမ်အဖြစ် BarCamp STU 2015 ကို ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်ကတော့ စစ်ကိုင်းတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ သမဝါယမတက္ကသိုလ်၊ စစ်ကိုင်းပညာရေးကောလိပ်၊ တိုင်းရင်းသားဖွံ့ဖြိုးရေးဒီဂရီကောလိပ် စသဖြင့် စစ်ကိုင်းမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် နယ်ပယ်ပေါင်းစုံမှ တိုးတက်ပြောင်းလဲနေတဲ့ အသိပညာ ဗဟုသုတများကို သိရှိပြီး လေ့လာမျှဝေနိုင်စေရန် ဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်မယ့် BarCamp STU 2015 ပွဲကို အစစအရာရာ အကောင်းဆုံးဖြစ်စေရန် ကြိုးစားဆောင်ရွက်ထားပြီး အောင်မြင်စွာ ကျင်းပနိုင်ရန် စီစဉ်ထားပါတယ်။

 

ကြည်မောင်မောင်ထွန်း (B.E-EP)

Admin Team Leader

ကျွန်တော်ကတော့ ကြည်မောင်မောင်ထွန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Admin Team အနေနဲ့ကတော့ တခြားကျင်းပရေးကော်မတီတွေနဲ့ ချိတ်ဆက်ထားပြီး လိုအပ်ချက် မရှိအောင် စီမံခန့်ခွဲ ပေးရပါတယ်။ ပွဲကျင်းပရန်အတွက် ခွင့်ပြုမိန့်ရရှိရန်၊ အခန်းအနားပြင်ဆင်ရန်၊ Sponsors တွေအတွက် Booth နေရာချထားပေးရန် ဆောင်ရွက်ရပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှ နည်းပညာပိုင်းသာမက အခြားသောကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြသည့်အတိုင်း BarCamp STU 2015 တွင် လူတိုင်း တက်ရောက် ပါဝင်ဆွေးနွေးကာ အသိပညာ ဗဟုသုတတွေ တိုးပွားလာပြီး ဘက်စုံကဏ္ဍစုံမှ တိုးတက်ရေးအတွက် အထောက်အကူပြုစေရန် စီစဉ်ဆောင်ရွက်ထားပါတယ်။

 

ကိုရဲမင်းထက် (3T-Mech)

Marketing Team Leader

ကိုစိုင်းမောင်မောင် (3T-Mech)

Marketing Team Leader

Marketing Team အနေနဲ့ကတော့ ပွဲအတွက် လိုအပ်တဲ့ Sponsor များကို ရှာဖွေပေးရပါတယ်။ Sponsor တွေအနေနဲ့ကတော့ Telenor Myanmar၊ Company မှ (Main Sponsor), IBEC မှ
(Platinum Sponsor), Agrocorp TVS (အိန္ဒိယမော်တော် ဆိုင်ကယ်များ) မှ  (Gold Sponsor)၊ ဒေါ်လာ စက်သုံးဆီအရောင်းဆိုင်၊ banner quality shop, စိန်ဝေဖူး ပိုးထည်/ ချည်ထည်၊ Civil Tech Co.Ltd နှင့် Hypersoft Technical Training Centre တို့မှ (Bronze Sponsor)၊ Mr. Print ကြေငြာ ဝန်ဆောင်မှုလုပ်ငန်း၊ Zarni Electronic ၊ Ve Ve အချိုရည်၊ Internet Journel တို့မှ Refreshment Partner အဖြစ် ကူညီပံ့ပိုးပေးထားပါတယ်။

 

ကိုအောင်ကိုကိုဝင်း (4T-Civil)

Public Relation Team Leader

ကျွန်တော်အနေနဲ့ကတော့ စစ်ကိုင်းမြို့၊ မန္တလေးမြို့များရှိ တက္ကသိုလ်များ၊ Private Schoolများ၊ အထက်တန်းကျောင်းများ တွင် BarCamp နှင့်ပတ်သက်ပြီး Presentation များပြုလုပ်ပေး ပါတယ်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် ပွဲတက်ရောက်မည့် BarCamper များကို ဖိတ်ကြားခြင်းများပြုလုပ်ပေးရပါတယ်။ ပွဲနေ့တွင်လည်း Speaker များနှင့် BarCamper များကို ကြိုဆိုဧည့်ခံ နေရာချထားပေးခြင်း၊ အစားအသောက်များ စီစဉ်ပေးခြင်း စသည်တို့ကို တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။

 

ကိုထင်လင်းအောင် (3T-EP)

Finance Team Leader

Finance Team အနေနဲ့ကတော့ ရရှိလာတဲ့ Sponsor ငွေကြေးတွေကို ထိန်းသိမ်းရပါတယ်။ BarCamp ပွဲအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရာမှာ အဆင်ပြေချောမွေ့ပြီး၊ ငွေကြေး သုံးစွဲမှုများ လစ်ဟာမှုမရှိစေရန် တာဝန်ယူဆောင်ရွက်ရပါသည်။ ငွေစာရင်းလုပ်ထုံးလုပ်နည်းတွေကိုလည်း ကျောင်းမှ ငွေစာရင်းဌာနရဲ့ ကူညီမှုကြောင့် အဆင်ပြေစွာ ဆောင်ရွက် နိုင်ခဲ့ပါတယ်။

 

 ကိုဇီဆာကေနာ (4T-EC)

Technical Support Team Leader

ကိုစိုးစံဟိန်း (4T-EC)

Technical Support Team Leader

ကျွန်တော်တို့အနေနဲ့ကတော့ ပွဲအတွက် လိုအပ်တဲ့ IT ကဏ္ဍကို အစအဆုံး တာဝန်ယူပေးရပါတယ်။ BarCamp STU 2015 အတွက် လိုအပ်သော Web Page ရေးဆွဲခြင်း၊ Vinyl, logo, Billboard, Certificate Design များရေးဆွဲခြင်း၊ Facebook Page ကို Manage လုပ်ခြင်း စသည်တို့ကို တာဝန်ယူဆောင်ရွက်ပေးရပါတယ်။  ပွဲနေ့မှာလည်း ပွဲတက်ရောက်လာတဲ့ BarCamper များကို Data များ Share ပေးရန်အတွက်လိုအပ်တဲ့ Data များစုပေးခြင်း၊ WiFi တပ်ဆင်ခြင်း စသည့်တို့ကို တာဝန်ယူပေးရပါတယ်။