Ubuntu OS 14.04 တွင် One Drive Account ကို Sync ပြုလုပ်ခြင်း

09_permission_dialog.jpg

Mircosoft ရဲ့ One Drive  Account ပေါ်သို့ Ubuntu OS 14.04 က ဖိုင်တွေကို Sync ပြုလုပ်ပြီး သိမ်းဆည်းချင် သူများအတွက် နည်းလမ်းဖြစ်ပါတယ်။ OneDrive ဟာ Free ဆော့ဖ်ဝဲတစ်ခု ဖြစ်ပေမယ့် Ubuntu OS ရဲ့ Software centre မှာတော့ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် Ubuntu OS 14.04 မှာ One Drive ကို အရင်ဆုံး ထည့်သွင်းဖို့ လိုအပ်ပါလိမ့်မယ်။

OneDrive ကို Ubuntu OS မှာ ထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgr ade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

ပြီးသွားရင် https://goo.gl/gRDejU ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ onedrive-d ဆိုတဲ့ zip file ကို download ပြုလုပ်လိုက်ပါ။ download ပြုလုပ်ပြီးတဲ့ ဖိုင်ကို Extract ပြုလုပ်ပါ။ onedrive-d master ဆိုတဲ့ ဖိုင်ကိုတွေ့ရင် ဖိုဒါထဲကို ဖွင့်ကြည့်လိုက်ပါ။ အထဲမှာTerminal ကနေ Run နိုင်မယ့် Script ဖိုင်ကို တွေ့ရပါလိမ့်မယ်။ Terminal ကနေ Run ဖို့အတွက် Terminal ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် download ပြုလုပ်ထားတဲ့ ဖိုဒါရှိလမ်းကြောင်းအတိုင်း Terminal ကနေ cd command ကို အသုံးပြုပြီး သွားလိုက်ပါ။

အဆိုပါ ဖိုဒါရှိတဲ့ လမ်းကြောင်းထဲကို ရောက်သွားပြီဆိုရင် sudo./inst install ဆိုတဲ့ command ကိုရိုက်ထည့်လိုက်ပါ။ အဆိုပါ command ကို ရိုက်ထည့်လိုက်ရင် password တောင်းပါလိမ့်မယ်။ Ubuntu OS မှာ အသုံးပြုတဲ့ password ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ password ထည့်သွင်း ပြီးသွားရင် ရှေ့ဆက်လုပ်ငန်း လုပ်ဆောင်မလား မလုပ်ဆောင်ဘူးလား ဆိုတာကို မေးမှာဖြစ်တဲ့အတွက် y ကို ရိုက်ထည့်ပေးလိုက်ပါ။

Install ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင်တော့ OneDrive ရဲ့ Settings box ကျလာပါလိမ့်မယ်။ Connect to OneDrive.com ဆိုတာကိုနှိပ်ပြီး Mircosoft email account နဲ့ password ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။  ပြီးသွားရင် OneDrive ကို အသုံးပြုခွင့်အတွက် Permission တောင်းတာကို တွေ့ရပါလိမ့်မယ်။ အဆိုပါ နေရာမှာ Yes ကို နှိပ်ပြီး OneDrive ကို Ubuntu OS 14.04 ပေါ်ကနေ စတင်ချိတ်ဆက် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။