B.Sc (Business IT) ဘွဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုနဲ့ တက်ရောက်နေတဲ့ မမျိုးမျိုးထွန်း

Myo-Myo-Tun_Wai-Wai_KMD_Student-Life_2015Jul23.jpg

B.Sc (Business IT) ဘွဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုဖြင့် တက်ရောက်နေသော မမျိုးမျိုးထွန်း၏ Student Life

အမည်နဲ့ ပညာအရည်အချင်း သိပါရစေ။

ကျွန်မအမည်က မမျိုးမျိုးထွန်းဖြစ်ပါတယ်။ ကျွန်မက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး University of Greenwich (UK) ရဲ့ B.Sc (Business IT) ဘွဲ့ ဒုတိယနှစ်သင်တန်း တက်ရောက်နေပါတယ်။  

University of Greenwich (UK) B.Sc (Business IT) ဘွဲ့ရဲ့ဒုတိယနှစ်သင်တန်းကို ရာနှုန်းပြည့်ပညာသင်ဆုနဲ့တက်ရောက်ခွင့် ရရှိခဲ့ပုံကို  ပြောပြပေးပါဦး။

ကျွန်မက ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ကနေ တက္ကသိုလ်ဝင်တန်းအောင်ပြီး University of Greenwich (UK) ၏ B.Sc (Business IT) ဘွဲ့ရဲ့ ပထမနှစ် သင်တန်း တက်ရောက်ခဲ့ပါတယ်။  ပထမနှစ်သင်တန်းကို တစ်နှစ်တက်ရောက်ပြီး ယူကေမှစစ်ဆေးတဲ့ စာမေးပွဲကိုဖြေဆိုရာမှာ ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ယူကေမှချီးမြှင့်တဲ့ Global High Achiever Awards လို့ခေါ်တဲ့ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆုကို ရရှိနိုင်ခဲ့တဲ့အတွက် ဒုတိယနှစ်သင်တန်းကို KMD မှပေးအပ်တဲ့ Full Scholar (သင်တန်းကြေး ကျပ်သိန်း ၃၀ ကို ကင်းလွတ်ခွင့်) ဖြင့် တက်ရောက်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသင်တန်းကိုရွေးချယ်တက်ရောက်ရခြင်းနဲ့ Centre တွေအများကြီးထဲက KMD မှာ တက်ရောက်ဖြစ်ပုံလေးကိုလည်း ရှင်းပြပေးပါ။

ကျွန်မက Computer ကို စိတ်ဝင်စားတာရယ်၊ ဒီနေ့ခေတ်မှာ IT ဘာသာရပ်က ဘယ် Major၊ ဘယ် University ကိုပဲတက်တက် မသိလို့မဖြစ်တဲ့ ပညာရပ်ဖြစ်နေတာရယ်၊ အင်္ဂလန်နိုင်ငံအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဘွဲ့ကို မြန်မာနိုင်ငံမှာ အချိန် ၃ နှစ်ခန့်ပေးရုံနဲ့ ရနိုင်တာကြောင့်  တက်ရောက်ဖြစ်ခဲ့တာပါ။  ကုန်ကျစရိတ် ကလည်း နိုင်ငံခြားမှာသွားတက်တာထက် အများကြီးဈေးသက်သာတဲ့အပြင် မိသားစုနဲ့မခွဲမခွာနေပြီး ပညာသင်ကြားနိုင်တာကြောင့် ဒီသင်တန်းကိုရွေးချယ်တက်ရောက်ဖြစ်ခဲ့တာပါ။ KMD မှာ ရွေးတက်ဖြစ်တာတော့ IT Training မှာနာမည်ကြီးတဲ့ သင်တန်းကျောင်းဖြစ်တာရယ်၊ သင်ကြားမှု နည်းစနစ်ကျပြီး ကျောင်းသားများအပေါ် ဂရုတစိုက် သင်ကြားပေးတယ်လို့ တက်ဖူးတဲ့သူငယ်ချင်းက ပြောတာကြောင့် ရွေးချယ်တက်ရောက်ဖြစ်တာပါ။

UK မှ ချီးမြှင့်တဲ့ Global High Achiever Awards လို့ခေါ်တဲ့ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆုရရှိအောင် ကြိုးစားခဲ့ပုံကို ရှင်းပြပေးပါဦး။

KMD မှာကစာတွေ့သင်ကြားမှု (Lecture) အပြင် လက်တွေ့လုပ်ဆောင်တတ်အောင် (Practical) သင်ကြားပေးသလို သင်ကြားမှုကိုအဆင်ပြေစေရန် Internet, Library များလည်းစီစဉ်ပေးပါတယ်။ ဒါ့အပြင် ကူညီ ပေးတဲ့ Guide များလည်းထားပေးတဲ့အတွက် သင်ကြားမှုမှာ အခက်အခဲမရှိပါဘူး။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းသူ၊ ကျောင်းသားတွေကို ဂရုစိုက်သင်ကြားပေးပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားညွှန်ကြားတဲ့ အတိုင်း Assignment တွေကိုအချိန်မီပြီးအောင်ပြုလုပ်တဲ့အပြင် နားမလည်ရင်လဲ ဆရာ၊ ဆရာမတွေကို အနီး ကပ်မေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ စာမေးပွဲအတွက်လည်း မဖြေခင် ဆရာ၊ ဆရာမတွေက ကျောင်းတွင်းမှာ Revision တွေလုပ် မေးခွန်းဟောင်းတွေလေ့ကျင့်ပေးတဲ့အပြင် ကျွန်မကအိမ်မှာ အထပ်ထပ်ပြန်လည်လေ့ကျင့် တာတွေလုပ်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့တာပါ။

သင်တန်းပြီးရင်ရနိုင်တဲ့ အောင်လက်မှတ်တွေနဲ့ သင်တန်းတက်ရောက်ဖို့လိုအပ်တဲ့ အရည်အချင်းအကြောင်းလည်း ပြောပြပေးပါ။

First Year နှင့် Second Year အတွက် NCC (UK) သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပြီး Final Year အတွက်တော့ University of Greenwich, UK သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပေးပါတယ်။ Course တစ်ခုချင်းစီအတွက် တစ်နှစ်စီတက်ရောက်ရပါတယ်။ First Year ပြီးရင်တော့ NCC, UK ကပေးတဲ့ International Computing Diploma ရရှိပါမယ်။ Second Years ပြီးရင်လည်း နောက်ထပ် Advanced Computing Dip-loma တစ်ခုကို ထပ်မံရရှိမှာဖြစ်ပါတယ်။ Final Year ပြီးရင်တော့ University of Greenwich, UK ကပေးတဲ့ B.Sc(Hons) IT ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ၊ အောင်မြင်ပြီးသူများ B.Sc (Business IT), UK ဘွဲ့ရဲ့ပထမနှစ်ကို တက်ရောက်နိုင်ပါတယ်။  ဒုတိယနှစ်ကိုတော့ ပထမနှစ် ဖြေဆိုအောင်မြင်ပြီးသူများအပြင် ပြည်တွင်း IT diploma, Computer တက္ကသိုလ်၊ GTC တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေသောသူများနဲ့ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူများ တက်ရောက်နိုင်ပါတယ်။  နောက်ဆုံးနှစ်ကိုတော့ ဒုတိယနှစ်ဖြေဆိုအောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါတယ်။

KMD Computer Centre ရဲ့ ပံ့ပိုးကူညီမှုအပိုင်းလေးကို သိပါရစေ။

KMD က ဆရာ၊ ဆရာမတွေက သင်တန်းသူ၊ သင်တန်းသားတွေအပေါ်မှာ စိတ်ရှည်ရှည်နဲ့သင်ကြားပို့ချပေးပါတယ်။ Assignment လုပ်ပေးရာမှာလည်း တစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ နားလည်အောင်ရှင်းပြပေးပါတယ်။ စားမေးပွဲနီးတဲ့အခါမှာလည်း Revision Class တွေစီစဉ်ပေးပြီး စားမေးပွဲအတွေ့အ ကြုံရအောင်ရယ်၊ မေးခွန်းနားလည်မှုရှိအောင်ရယ် Pretest တွေပြုလုပ်ပေးပါတယ်။ မိမိတို့လိုအပ်တာတွေကို ဆရာ၊ ဆရာမတွေဆီမှာ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။ ပြီးတော့  အလုပ်အကိုင် အဆင်ပြေဖို့အတွက်လည်း KMD က Job Fair တွေကျင်းပပေးပါတယ်။

အခု ဒုတိယနှစ်တက်ရောက်နေတော့ နောက်ဆုံးနှစ်ဆက်လက်တက်ရောက်ဖို့ အစီအစဉ်နဲ့ အနာဂတ်ဘ၀ ရည်မှန်းချက်လေးလည်း ပြောပြပေးပါဦး။

နောက်ဆုံးနှစ်အထိဆက်လက်တက်ရောက်ပြီး B.Sc (Business IT) ကိုရယူဖို့  အစီအစဉ်ရှိပါတယ်။   ဘွဲ့ ရပြီးသွားရင် မြန်မာနိုင်ငံတွင်းမှာပဲ သင်ကြားခဲ့တဲ့ ဘာသာရပ်ကိုအသုံးချရတဲ့လုပ်ငန်းခွင်မှာ အတွေ့အကြုံရအောင်ဝင်ရောက် လုပ်ကိုင်တာပဲဖြစ်ဖြစ်၊ ပြည်ပမှာ Master Degree ကို ဆက်လက် တက်ရောက်တာပဲဖြစ်ဖြစ် လုပ်ကိုင်သွားဖို့ အစီအစဉ်တွေရှိပါတယ်။

International Diploma သင်တန်းတွေနဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ကျောင်းသားတွေအတွက် အကြံပြု စကားပြောပေးပါဦး။

အခုလို International Diploma သင်တန်းတွေ မြန်မာပြည်မှာရှိလို့ အရမ်းကောင်းပါတယ်။ ကိုယ့်မိသားစုနဲ့လည်း ခွဲခွာစရာမလိုဘူး။ နိုင်ငံခြားမှာလောက် ကုန်ကျစရိတ်လည်း အများကြီးမလိုဘဲ တက်ရောက်နိုင်တယ်လေ။ အစိုးရတက္ကသိုလ်ကရတဲ့ဘွဲ့ကော၊ ဒီ International Diploma ဘွဲ့လက်မှတ်ကောဆိုတော့ အလုပ်အကိုင်ရှာဖွေရာမှာ ပိုပြီးအဆင်ပြေလွယ်ကူနိုင်မယ်လို့ထင်ပါတယ်။