Dell Venue 10 7000

dell-venue10-7000-SH-cnet-2015jul21(4).jpg

USD-$ 499.00

အားသာချက်

Dell Venue 10 7000 သည် တောင့်တင်းခိုင်မာသော Bluetooth keyboard ပါဝင်သည့် hybrid ထုတ်ကုန် တစ်မျိုးဖြစ်သည်။ ၎င်းထုတ်ကုန်၏ စွမ်းဆောင်ရည်သည် လျင်မြန်မှုရှိပြီး Android Lollipop 5.0 operating system ကို အသုံးပြုထားသည်။ ထို့အပြင် ၎င်းတွင် ရုပ်ထွက် အရည်အသွေး ကောင်းမွန်သော မျက်နှာပြင်နှင့် အသုံးဝင်သော depth-sensing ကင်မရာများ ပါဝင်လာသည်။

အားနည်းချက်

Dell Venue 10 7000 သည် အနည်းငယ်လေးလံပြီး ဈေးနှုန်းမြင့်မားသည်။ ၎င်းတွင် ပါဝင်သည့် keyboard သည် စာရိုက်ရာတွင် အတားအဆီး ဖြစ်စေသည်။

အသေးစိတ်ဖော်ပြချက်

Bluetooth keyboard ပါဝင်သော Dell Venue 10 7000 ပါဝင်သော laptop သည် netbook ကဲ့သို့ ပြောင်းလဲ အသုံးပြုနိုင်သော ထုတ်ကုန်ဖြစ်သည်။ ၎င်းတွင် Google ၏ နောက်ဆုံးပေါ် Android operating system Lollipop 5.0 ပါဝင်သလို Venue 8 7000 တွင်ပါဝင်သည့် Dell ၏ RealSense နည်းပညာလည်း ပါဝင်သည်။ ထုတ်ကုန်၏ ကျောဘက်တွင် ပါဝင်သော ကင်မရာ ၃ ခုသည် 3D ဓာတ်ပုံများကို ရိုက်ကူးနိုင်ရန် ထောက်ပံ့ပေးထားပြီး ဓာတ်ပုံ၏ ဗဟိုချက်ကို ချိန်ညှိမှုများ ပြုလုပ်နိုင်သည်။ ထို့အပြင် သုံးစွဲသူများ အနေဖြင့် ဓာတ်ပုံအတွင်းရှိ အရာဝတ္ထုကို တိုင်းတာနိုင်သလို စတုရန်းလက်မအဖြစ် ပြောင်းလဲတွက်ချက်နိုင်သည်။ Dell Venue 10 7000 တွင်ရှေ့ကင်မရာ 2-megapixel နှင့် ကျောဘက်ကင်မရာ 8-megapixel တို့ပါဝင်သည်။

ထို့အပြင် Dell Venue 10 7000 တွင် 2.3GHz quad-core Intel Atom Z3580 CPU, Intel HD Graphics GPU, RAM 2GB နှင့် internal storage 16GB အပြင် 512GB အထိ တိုးချဲ့ အသုံးပြုနိုင်သော microSD card slot တို့ပါဝင်သည်။ Dell Venue 10 7000 တွင် တီဗွီများနှင့် ချိတ်ဆက်နိုင်သော Mircast ထောက်ပံ့မှုနှင့် အတူ 802.11ac Wi-Fi နှင့် Bluetooht 4.1 တို့ပါဝင်လာသည်။ Dell Venue 10 7000 ၏မျက်နှာပြင်မှာ OLED display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2,560×1,600 pixel ရှိသည်။

ဘက်ထရီ

Venue 10 7000 ၏ဘက်ထရီ သက်တမ်းသည် ၇ နာရီခန့် အသုံးပြုနိုင်ကြောင်း Dell က ထုတ်ပြန်ထားသည်။ ၎င်းကို အားအပြည့်သွင်းထားပြီး ဆက်တိုက် အသုံးပြုပါက ၆ နာရီခန့် အသုံးပြုနိုင်သည်။ သို့သော် Dell Venue 10 7000 သည် အားသွင်းရာတွင် အနည်းငယ် နှေးကွေးမှုရှိသည်။

Ref: CNET