Nokia အမှတ်တံဆိပ် မပါဝင်သည့် ပထမဆုံး Lumia ဖုန်းကို Microsoft မိတ်ဆက်

1386004563000-USA-NOW-still.jpg

ပြီးခဲ့သည့် ရက်အနည်းငယ်ခန့်က Microsoft သည် Nokia အမှတ်တံဆိပ် မပါဝင်သည့် Lumia 535 ကိုမိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ Lumia ဖုန်း၏ မျက်နှာပြင် အရွယ်အစားမှာ ၅ လက်မရှိပြီး ရှေ့နှင့်ကျောဘက် ကင်မရာတွင် 5 megapixel ကင်မရာကို အသုံးပြုထားသည်။ Lumia 535တွင် 3G SIM ကတ်တစ်ခုတည်းသာ ထည့်သွင်း အသုံးပြုနိုင်သော ဗားရှင်းနှင့် 3G SIM ကတ်နှစ်ခု အသုံးပြုနိုင်သော ဗားရှင်းဟူ၍ နှစ်မျိုးထုတ်လုပ် ထားသည်။ အဆိုပါ ဗားရှင်းနှစ်ခုစလုံးတွင် Windows Phone 8.1 နှင့် Action Center မှတဆင့် one-swipe သတိပေးချက်များ ပါဝင်လာသော Lumia Denim update တို့ကို အသုံးပြုထားသည်။ ထို့အပြင် Swype ကဲ့သို့ အလွန်လျင်မြန်သော Word Flow, Live Folder များနှင့် personal assistant Cortana တို့ပါဝင်သည်။

Lumia 535 စမတ်ဖုန်းတွင် ပါဝင်သော 5 megapixel ကျောဘက် ကင်မရာသည် ဓာတ်ပုံနှင့် ဗွီဒီယို တည်းဖြတ်ခြင်းအပြင် ဝေမျှမှုများ ပြုလုပ်နိုင်ရန် Lumia ကင်မရာ app ဖြင့် sync ပြုလုပ်ထားနိုင်သည်။

၎င်းဖုန်းသစ်တွင် 1.2 GHz quad-core ပရိုဆက်ဆာ၊ RAM 1GB နှင့် storage 8GB ပါဝင်လာသည်။

-စိုးထက်
Ref: PCMag