LG DVD HOME THEATER

LG-DVD-HOME-THEATER-00--MZ-online-Product-2015july17.jpg

5.1 channel ဖြင့် ကြည်လင်ပြတ်သားသော အသံစနစ်ကို ပေးစွမ်းနိုင်သည့် LG  အမှတ်တံဆိပ် DH6340H မော်ဒယ် DVD Home Theater ဖြစ်သည်။ ပါဝါဆွဲအား 1000Watts ဖြစ်ပြီး Aramid Fiber ကို အသုံးပြုထားသည့်အတွက် သဘာဝအကျဆုံးအသံကို ပေးစွမ်းနိုင်ပြီး Speaker များတွင် ဖြစ်ပေါ်တတ်သည့် အသံကွဲအက်ခြင်းကို ဖယ်ရှားပေးမည်ဖြစ်သည်။ Speaker လေးလုံးနှင့် Subwoofer တို့မှကောင်းမွန်သော အသံကို ပေးစွမ်းနိုင်မည်ဟု သိရသည်။ အကောင်းဆုံးလို့ ဖွင့်ဆိုထားတဲ့ အချိန်မရွေး မိမိနှစ်သက်ရာ HD TV ဖြင့် ချိတ်ဆက်ကြည့်ရှုနိုင်မည် ဖြစ်သည်။ Devices အားလုံးကို Remote တစ်ခုတည်းဖြင့် ထိန်းချုပ်နိုင်သော စနစ်ပါဝင်သည်။ USB ဖြင့် သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်၊ဗီဒီယိုကြည့်ခြင်းများကို ပြုလုပ်နိုင်သလို MP3 Player, Laptop နှင့် အခြားသော Player များဖြင့်လည်း တိုက်ရိုက်ချိတ် ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ အာမခံတစ်နှစ်ပေးထားသည်။ တန်ဖိုးမှာ ၃၃၅,၀၀၀ ကျပ်ဖြစ်ပြီး ဖုန်း ၀၁-၂၅၄၅၆၁ နှင့် ၀၁-၂၅၄၅၅၉ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။