iOS ထုတ်ကုန်များအတွက် Send app ကို Microsoft ဖြန့်ချိ

microsoftsend-SH-cnet-2015jul22-.jpg

Microsoft ၏ app များ စမ်းသပ်ဖန်တီးရာ Garage incubator မှ အီးမေးလ်အတွင်း အသုံးပြုရသော “Send” ဟု အမည်ရသော app တစ်မျိုးကို iPhone သုံးစွဲသူများအတွက် ဖြန့်ချိပေးခဲ့သည်။ အဆိုပါ app ၏ ယခင်လျို့ဝှက်အမည်မှာ Flow ဖြစ်ကြောင်း ယခုအခါတွင် “Send” အဖြစ် ပြောင်းလဲလိုက်သည်။

Send app သည် iTunes store မှအမေရိကန်နှင့် ကနေဒါရှိ iPhone သုံးစွဲသူများသာ အသုံးပြုနိုင်သေးပြီး Windows Phone နှင့် Android ဖုန်းများအတွက် မကြာမီဖြန့်ချိ သွားမည် ဖြစ်ကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် အဆိုပါ app သည် Outlook နှင့် Office 365 လုပ်ငန်း/ကျောင်းသုံး အီးမေးလ် account တို့တွင် အသုံးပြုနိုင်သည်။ ကုမ္ပဏီအနေဖြင့် ၎င်း app ကို လာမည့်လ အနည်းငယ်အတွင်း ကျယ်ပြန့်စွာ ဖြန့်ချိရန် စီစဉ်ထားကြောင်း Microsoft အမှုဆောင် အရာရှိချုပ်များက ပြောကြားခဲ့သည်။

iOS အတွက် ဖြန့်ချိထားသော Microsoft “Send” app သည် ပြီးခဲ့သည့်နှစ်က ကုမ္ပဏီက ဖန်တီးခဲ့သော Acompli အီးမေးလ် app ကို ပြန်လည် ဆန်းသစ်ထားခြင်းဖြစ်သည်။   Send သည် Outlook နေရာ၌ အစားထိုးသွားမည် မဟုတ်ဘဲ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လာသည်။ Send ကို အသုံးပြုရန် Apple ၏ iOS 8.0 နှင့် အထက်လိုအပ်သလို iPhone 5,6 နှင့် 6 Plus အပြင် iPad နှင့် iPod Touch တို့တွင် အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားကြောင်း app နှင့် ပတ်သက်သော စာမျက်နှာတွင် ဖော်ပြထားသည်။

Ref : CNET