Flow ဟုခေါ်သည့် Apple Continuity အ Samsung မိတ်ဆက်

Samsung-Flow.jpg

Samsung သည် Apple ၏ iOS နှင့် OS X Yosemite တွင်ပါဝင်သော Continuity feature ကဲ့သို့ Flow ဟုအမည်ရသော ကိုယ်ပိုင်ဗားရှင်းကို Samsung က ကုမ္ပဏီ Developer ကွန်ဖရင့် ၂၀၁၄ တွင် မိတ်ဆက်ခဲ့သည်။

Flow သည် Samsung ထုတ်ကုန်များ ဖြစ်သော စမတ်ဖုန်း၊ တီဗွီ၊ ကွန်ပျူတာနှင့် tablet များအကြား လုပ်ဆောင်မှုနှင့် content များကို ရွေ့ပြောင်းပေးနိုင်မည် ဖြစ်သည်။ Flow တွင် အဓိက လုပ်ဆောင်မှု သုံးခုပါဝင်ကြောင်း Samsung သုတေသန ဒုဥက္ကဋ္ဌ ပရာနပ်ဗ်မစ်စရီက ရှင်းလင်းပြောကြားခဲ့သည်။  ပထမဆုံး အချက်အလက်များ လွှဲပြောင်းမှုတွင် Flow ကိုအသုံးပြု၍ tablet မှဖုန်းသို့ tap အနည်းငယ် ပြုလုပ်ကာ ဓာတ်ပုံ သို့မဟုတ် ဗွီဒီယို ရိုက်ကူးကာ အချက်အလက်များ ပေးပို့နိုင်သည်။ ထုတ်ကုန်တစ်ခုနှင့် တစ်ခုအကြား ဓာတ်ပုံများ ရိုက်ကူးခြင်းသည် အလွန်အခြေခံ ကျသော်လည်း Samsung က Flow feature ကို video call ခေါ်ဆိုမှုများဖြင့် ပြသခဲ့ပြီး tablet မှ video call ခေါ်ဆိုမှုကို ဓာတ်ပုံရိုက်ယူကာ မိုဘိုင်းသို့ ပေးပို့နိုင်မည် ဖြစ်သည်။

Flow တွင် ထုတ်ကုန်တစ်ခု သို့မဟုတ် အခြားထုတ်ကုန်တွင် ပြုလုပ်နေသည့် လုပ်ဆောင်ချက်များကို pause ပြုလုပ်ပြီးနောက် တစ်ချိန်မှသာ ပြန်လည်စတင် နိုင်သော Defer feature လည်း ပါဝင်လာသည်။ ထို့အပြင် သုံးစွဲသူများက Defer ဖြင့်ဖုန်းတွင် ရုပ်ရှင်ကြည့်ရှုနေစဉ် pause ပြုလုပ်ပြီးနောက် တီဗွီပေါ်သို့ ၎င်းရုပ်ရှင်ကို ပြောင်းလဲကြည့်ရှု နိုင်သည်။ Samsung ထုတ်ကုန်များမှ အခြေအနေများကို သတိပေးမှုများ ပြုလုပ်ပေးမည့် Notify လည်း ပါဝင်ကြောင်း သိရသည်။

-စိုးထက်
Ref: TheVerge