Awesome Voice Recorder Pro

Awesome.jpg

Awesome Voice Recorder Pro app သည် MP3, WAV, M4A အစရှိသည့် ဖိုင် format များဖြင့် တိုက်ရိုက် အသံဖမ်းယူနိုင်မည့် app တစ်ခု ဖြစ်သည်။ အသံဖိုင်များကို အရည်အသွေး ကောင်း မွန်စွာဖြင့် ဖမ်းယူနိုင်ရန် စီစဉ်ပေးထားသည့် app တစ်ခု ဖြစ်သည်။

အဆိုပါ App ကို iTunes တွင် version 4.0 ဖြင့် ထုတ်လုပ်ပေးထားပြီး ကန်ဒေါ်လာ 5.99 ဖြင့် ရောင်းချရန် စီစဉ်ထားရာ ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်၍ သုံးစွဲခွင့် ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။