Spark Camera

Spark.jpg

Spark Camera app သည် HD Video များကို ရိုက်ကူးလိုသူများအတွက် အထောက်အပံ့ပေးနိုင်မည့် iOS app တစ်ခု ဖြစ်သည်။ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် music note များ ထပ်မံထည့်သွင်းရန် အထောက်အပံ့ပေးထားပြီး Filter များစွာကိုလည်း ထည့်သွင်းပေးထားသည်။ ထို့ပြင် facebook, twitter, Instagram နှင့် iMessage များသို့ အဆိုပါ app ပေါ်မှ တိုက်ရိုက် ဝေမျှပေးနိုင်မည်ဖြစ်သည်။

အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 8.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။