iOS app များကို Family Share ဖြင့် ဝေမျှခြင်း

cover.jpg

အခကြေးငွေဖြင့် ဝယ်ယူရသည့် iOS app များကို မိသားစုနှင့်ဝေမျှပြီိး သုံးစွဲချင်သူများအတွက် iOS 8 မှာ စတင်ပြီး Family Sharing Feature ကို ထည့်သွင်းပေးထားပါတယ်။ Family Sharing ဟာ app တွေသာမက App store ကနေ အခကြေးငွေပေးချေပြီးဝယ်ယူထားတဲ့ ဗီဒီယို၊ သီချင်းနဲ့ အခြားသောအရာတွေကို ဝေမျှ သုံးစွဲနိုင်စေရန်အတွက် စီစဉ်ပေးနိုင်ပါတယ်။ Family Sharing ကို တစ်ကြိမ် setup ပြုလုပ်ထားရုံဖြင့် family member အဖြစ်သတ်မှတ်ထားတဲ့ Apple ID တွေဟာ TV shows, music, movies, books နှင့် app များကို အချိန်တိုင်း အခမဲ့မျှဝေ သုံးစွဲနိုင်ပါလိမ့်မယ်။

Family Sharing ကို ပြုလုပ်ဖို့ရန်အတွက် Settings ထဲကို သွားရပါမယ်။ ပြီးသွားရင် iCloud ဆိုတာကိုရွေးချယ် ပေးရမှာဖြစ်ပါတယ်။ iCloud ထဲကို ရောက်ပြီဆိုရင် Setup Family sharing ဆိုတဲ့ tab ကို နှိပ်လိုက်ပါ။ နောက်တစ်ဆင့်ကတော့ Get Started ဆိုတာကို နှိပ်ရပါမယ်။ ပြီးသွားရင် Continue ဆိုတာကို နှိပ်ရပါမယ်။ ပုံမှန်အသုံးပြုနေကြ ကိုယ့်ရဲ့ Apple ID နဲ့ password ကို ထည့်သွင်းပေးရပါမယ်။ Apple ရဲ့ စည်းမျဉ်း စည်းကမ်း သဘောတူညီချက်နေရာမှာ Agree ဆိုတာကိုနှိပ်ပြီး ရှေ့ဆက်သွားရပါမယ်။ ပြီးသွားရင်တော့ Add Family Member ဆိုတာကို နှိပ်ပြီး၊ မိသားစုဝင်တွေရဲ့ Apple ID တွေ ကို ထည့်သွင်း ပေးရပါမယ်။ အဆိုပါ Apple ID တွေကို ထည့်သွင်းတဲ့ အခါမှာ ကိုယ့်ရဲ့ Apple ID email account ထဲကို ID အသစ်တွေ ထည့်သွင်းနေကြောင်း email တွေကိုပို့ပေးနေပါလိမ့်မယ်။

Family Sharing ကိုသုံးစွဲရန်အတွက် App store ကိုသွားလိုက်ပါ။ ပြီးသွားရင် Purchased ဆိုတာကို ရွေးချယ်ရပါမယ်။ Purchased ကိုရွေးချယ်ပြီး ရင် My Purchased ကို နှိပ်လိုက်ပါ။ မိမိ Sharing ပြုလုပ်ချင်တဲ့ App ကိုရှာဖွေပြီး Updates ကိုသွားရမှာဖြစ်ပါတယ်။ Updates အောက်ကိုရောက်ရင် Purchases ကိုနှိပ်ပြီး မိသားစုထဲက ဘယ်သူ့ကို Share ပြုလုပ်မလဲဆိုတာကို ထပ်မံရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်။

အထက်ပါ အဆင့်တွေပြီးသွားရင်တော့ ကိုယ့်ရဲ့ Apple ID ကနေ ဝယ်ယူထားတဲ့ Video, Book, Music, App အစရှိတာတွေကို မိသားစုဝင်တွေနဲ့ ဝေမျှပြီး သုံးစွဲနိုင်ပါပြီ။

Ref: howtogeek