BlackCam

Black.jpg

Black & White ဓာတ်ပုံများကို ရိုက်ကူးလိုသူများအတွက် Filter များစွာ ထည့်သွင်းပေးထားသည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် color lens များကိုလည်း ထည့်သွင်းပေးထားပြီး အလင်းအမှောင်ကို ချိန်ညှိရန်အတွက်လည်း ထည့်သွင်းပေးထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ရိုက်ကူးထားသည့် ဓာတ်ပုံများကို app ပေါ်မှနေ၍ facebook, twitter အစရှိသည့် လူမှုကွန်ရက် ဝက်ဘ်ဆိုက် များပေါ်တွင် ဝေမျှနိုင်မည် ဖြစ်သည်။

အဆိုပါ app ကို ယခင်က play store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အခမဲ့ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Android version 2.3 နှင့် အထက်တွင် ထည့်သွင်း အသုံးပြု နိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။