



Sony မှ MDR Headphone Ambassadors ခန့်အပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်၊ ညနေ ၅ နာရီမှ ၈ နာရီအထိ Junction Square (Aqua Hall) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် Mr. Shinichi Miura (Head of Myanmar Branch) Sony International (Singapore) Ltd. မှ MDR Headphone Ambassadors အဖြစ် ပြည်တွင်းမှ နာမည်ကျော်အဆိုတော် Bunny Phyoe နှင့် မိစန္ဒီ တို့ကို တရားဝင်ခန့်အပ်ခဲ့သည်။
Ambassadors အဖြစ် ခန့်အပ်လိုက်သည့် အချိန်မှစ၍ တစ်နှစ်ပတ်လုံး Sony MDR Headphone နှင့် ပတ်သက်သော လှုပ်ရှားမှုပွဲတိုင်းကို ပါဝင်သွားမည်ဖြစ်ပြီး ထူးခြားသည့် အစီအစဉ်များကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။