Ubuntu OS 14.04 တွင် Clip Grab အား ထည့်သွင်းခြင်း

clipgrab-1.jpg

ClipGrab ဆိုတာကတော့ Ubuntu OS ပေါ်ကနေ YouTube video ဖိုင်တွေကို download ပြုလုပ်ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ ClipGrab ကိုအသုံးပြုပြီး YouTube ပေါ်က video ဖိုင်တွေကို download ပြုလုပ်ပြီး off-line အနေနဲ့ ပြန်လည်ကြည့်ရှု နိုင်မှာပါ။ ClipGrab ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ClipGrabကိုUbuntu OS မှာ ထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get updatede နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ ClipGrab ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Comm-and ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:noobslab/apps

sudo apt-get update

sudo apt-get install clipgrab

ဆိုတဲ့ command ပဲ ဖြစ်ပါတယ်။ အထက်ပါ command ကို ထည့်သွင်းပြီးရင် ClipGrab နဲ့ ပတ်သက်တဲ့ package တွေကို download ပြုလုပ်သွားပါလိမ့်မယ်။ package တွေကို download ပြုလုပ်ပြီးတာနဲ့ တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။

ဒီအဆင့်တွေ ပြီးသွားရင် Dash Home ကိုနှိပ်ပြီး search box မှာ ClipGrab ဆိုတဲ့ keyword ကိုရိုက်ထည့်လိုက်ရင် ClipGrab ဆော့ဖ်ဝဲကို စတင်အသုံးပြု နိုင်ပါပြီ။ အသုံးပြုပုံကတော့ Download

ဆိုတဲ့ button ကို ရွေးချယ်လိုက်ပါ။ download ပြုလုပ်ချင်တဲ့ YouTube က ဗီဒီယိုဖိုင်ရှိတဲ့ Link ကို copy ပြုလုပ်ပြီး Download button အောက်က url address bar မှာထည့်သွင်းပေးရပါ။ ပြီးရင် အဆိုပါ ဗီဒီယိုဖိုင်ကို နှစ်သက်တဲ့ Resolution တွေနဲ့ ကြည့်ရှုနိုင်ရန် ရွေးချယ်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။