HTC Sense 7 အားလေ့လာကြည့်ခြင်း

07_TKK_Screnshot_Usr-Guide_17Jul15.jpg

HTC ရဲ့အသစ်ထွက် Sense အမျိုးအစားဖြစ်ပါတယ်။ ဒီ Sense အမျိုးအစားဟာ ရှေ့ကထွက်ခဲ့တဲ့ HTC Sense တွေနဲ့မတူအောင် လုံးဝကွဲပြားခြားနားနေတာ တွေ့ရပါလိမ့်မယ်။ HTC အသုံးပြုသူတွေ အတွက်လည်း  ထူးခြားတဲ့ မြင်ကွင်းနဲ့ နည်းစနစ်တွေကို ဒီဗားရှင်းမှာ အသုံးပြုနိုင်ပါလိမ့်မယ်။

ပထမဆုံးပြောင်းလဲခြင်းတစ်ခု အနေနဲ့ Sense 7 မှာ ကီးဘုတ်နဲ့ မြန်မာစာဖောင့် စနစ်ပိုင်းမှာ ပြောင်းလဲအသုံးပြု ထားတာကို မြင်တွေ့ရပါလိမ့်မယ်။ အရင်က စံမြန်မာ ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်စနစ်ကို အသုံးပြုခဲ့ပေမယ့် Sense 7 မှာတော့ ဇော်ဂျီမြန်မာစာဖောင့်၊ ကီးဘုတ်နဲ့ ယူနီကုဒ် မြန်မာစာဖောင့် ကီးဘုတ်စနစ် နှစ်မျိုးအသုံးပြုနိုင်တဲ့ Zangam ဖောင့်နဲ့ ကီးဘုတ်ကိုပြောင်းလဲ အသုံးပြုခဲ့ပါတယ်။

ဒါကတော့ မြန်မာစာစနစ်ပိုင်း မှာပြောင်းလဲလာခြင်းပါ။

နောက်တစ်ချက်အနေနဲ့က တော့ Sense 7 မှာ Android ဖုန်းတွေရဲ့ Key စနစ်တွေဖြစ်တဲ့ Home, Back, Menu အစရှိတဲ့ Navigation Key တွေကိုပြောင်း လဲရွှေ့ပြောင်းကာ စိတ်ကြိုက်အသုံးပြု နိုင်လာခြင်းဖြစ်ပါတယ်။

နောက်ထပ်အချက်တစ်ချက် ကတော့ Sense Home ဆိုတဲ့စ နစ်ပါ။ ကိုယ်အသုံးပြုချင်တဲ့ App တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ပြုလုပ်ထားနိုင်ပြီး ကိုယ်အသုံးပြုမယ့် နေရာဒေသ ဥပမာ ကိုယ်ပိုင်အချိန်မှာ အသုံးပြုမယ့်စနစ်၊ အလုပ်ချိန်အတွင်းမှာအ သုံးပြုမယ့်စနစ်၊ အပြင်သွားလာတဲ့ အချိန်မှာ အသုံးပြုမယ့် စနစ်အစရှိ သဖြင့် ခွဲခြားသတ်မှတ်ထားပြီး အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့အချိန်မှာ WiFi နဲ့လည်း ချိတ်ဆက်ထား နိုင်ပြီး ကိုယ်အသုံးပြုမယ့် ဘယ် WiFi ရဲ့ကွန်ရက် ထဲမှာဆိုရင် ဘယ်စနစ်တွေကို အသုံးပြုမယ် ဆိုတာမျိုးကိုလည်း ပြုလုပ်ထား နိုင်ပါတယ်။

နောက်ထပ် နည်းပညာတစ်ခုကတော့ Themes Store ဆိုတဲ့ စနစ်ဖြစ်ပါတယ်။ Themes Store ထဲမှာတော့ ဒီဇိုင်နာ ပေါင်းများစွာ ကနေပြုလုပ်ထားတဲ့ Themes ဒီ ဇိုင်းတွေကို နေ့စဉ်ရယူအသုံးပြု နိုင်မှာဖြစ်ပြီး Themes တွေကို ပြောင်းလဲ အသုံးပြုလိုက်တဲ့အချိန် တိုင်းမှာ ဖုန်းမှာရှိနေတဲ့ App Icon တွေနဲ့ ဖွဲ့စည်း တည်ဆောက်မှုပုံစံ တွေဟာလည်း ဆန်းသစ်ပြောင်းလဲ သွားမှာဖြစ်ပါတယ်။

ပါဝင်လာတဲ့ နောက်ထပ် နည်းပညာ တစ်ခုကတော့ အသံပိုင်းဆိုင်ရာ Audio နည်းပညာပဲ ဖြစ်ပါတယ်။ အသံစနစ်ပိုင်းအတွက် အရင်တုန်းက Beats Audio နဲ့ Boom Sound စနစ်ကို အသုံးပြုခဲ့ပေမယ့် Sense 7 မှာတော့ HTC Boom Sound စနစ်နဲ့ Dolby Audio Surround စနစ်နှစ်ခုကို ပေါင်းစပ်အသုံးပြု ပေးထားပြီး Dolby Audio စနစ်မှာလည်း Music Mode နဲ့ Theater Mode ဆိုပြီး ပြောင်းလဲ အသုံးပြုနိုင်တာ တွေ့ရပါတယ်။

Sense 7 မှာတော့ ကင်မရာ အသုံးပြု စနစ်တွေမှာလည်း မြင့်မားပြောင်းလဲ လာတာကိုမြင်တွေ့ရမှာပါ။  ကင်မရာပိုင်းမှာတော့  ဖုန်းအမျိုးအစားပေါ် မူတည်ပြီး ပါဝင်လာမယ့် စနစ်တွေက အနည်းငယ် ကွဲပြားခြားနားမှုတော့ ရှိနိုင်ပါလိမ့်မယ်။ အချို့ဖုန်းတွေမှာ Raw ဖိုင်စနစ် ပါဝင်လာပြီး အချို့ဖုန်းတွေမှာတော့ Raw  ဖိုင်စနစ် မပါဝင်လာပါဘူး။ ဒါကတော့ ဖုန်းရဲ့တန်ဖိုးနဲ့ အမျိုးအစားပေါ်လိုက်ပြီး ပါဝင်ခြင်း၊ မပါဝင်ခြင်းက ကွာခြားနေတာပါ။ Bokeh လို့ခေါ်တဲ့ Focus နေရာကို ကြည်လင်စေပြီး နောက်ခံ Background ကို ဝါးထားပေးနိုင်တဲ့စနစ်နဲ့ ဓာတ်ပုံလေးပုံရိုက်ပြီး တစ်ခါတည်း ဖရိန်ပြုလုပ် ပေးနိုင်တဲ့ Photo Booth လို့ခေါ်တဲ့ စနစ်တွေကတော့ Sense 7 မှာပါဝင်လာမှာပါ။