Assassin's Creed ဂိမ်းခွေသစ်နှစ်မျိုးထွက်ရှိ

Assassin-Creed.jpg

Ubisoft ၏ ရောင်းအားအကောင်းဆုံး ဂိမ်းစီးရီးတစ်ခုဖြစ်သော Assassin’s Creed ဂိမ်းခွေသစ်နှစ်ခွေ တစ်ပြိုင်နက်တည်း ထွက်ရှိလာကြောင်း သိရှိရသည်။

Assassin’s Creed: Unity ကို PC, PS4 နှင့် Xbox One တို့တွင် ကစားနိုင်မည်ဖြစ်ပြီး Assassin’s Creed: Rogue ကို PS3 နှင့် Xbox360 တို့တွင် ကစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ AC:Unity မှာ graphics ပိုင်း ပိုမိုကောင်းမွန်သော ဂိမ်းသစ်ဖြစ်ပြီး ပြင်သစ်နိုင်ငံ French Revolution ကာလတွင် နေရာယူထားသော ဂိမ်းဖြစ်ကာ Assassin Arno Dorian နေရာမှ ကစားရမည်ဖြစ်သည်။ AC: Rogue တွင် Shay Patrick Cormac အမည်ရ Templar တစ်ယောက်နေရာမှ ကစားရမည့် AC IV ၏အဆက် ရေကြောင်းတိုက်ပွဲများပါဝင်သည့် ဂိမ်းသစ်ဖြစ်ကြောင်း သိရသည်။

Assassin’s Creed  ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅၀၀၄၁၅၀၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။