Flash အားနည်းချက်များကို Adobe ပြင်ဆင်

flash_update-SH-computerworld-2015jul15.jpg

Adobe သည် လုံခြုံရေးကုမ္ပဏီ Hacking Team မှ ဟက်ကာများက ခိုးယူခဲ့သည့် စာရွက်စာတမ်းတွင် ပါဝင်သော zero day အားနည်းချက်များကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ အစောပိုင်းက Google သည် Chrome browser တွင် Flash ဗားရှင်းသစ်ကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း Microsoft သည် Explorer 11 (IE11) သို့မဟုတ် Windows 10 Edge browser ရှိ Flash ၏လုံခြုံရေး အားနည်းချက်ကို ပြင်ဆင်ခဲ့ခြင်း မရှိပေ။ Flash 18.0.0209 ၏ zero-days လုံခြုံရေး အားနည်းချက်ကို Adobe က ပြင်ဆင်နိုင်ခဲ့သည်။ အီတလီကုမ္ပဏီ Hacking Team ပေါက်ကြားမှုအပြီး ထွက်ပေါ်လာခဲ့သော 400GB ပမာဏရှိ သတင်းအချက်အလက်မှ သုတေသီများ ရှာဖွေတွေ့ရှိသော Flash အားနည်းချက်များသည် အများပြည်သူထံသို့ မပျံ့နှံ့မီ ပြင်ဆင်နိုင်ခဲ့သည်။

Firefox နှင့် Safari သုံးစွဲသူများသည် Adobe ဝက်ဘ်ဆိုက်မှ Flash update ကို download ပြုလုပ်၍ install လုပ်ပြီး အသုံးပြု နိုင်ပြီဖြစ်သည်။ သို့သော် IE11 နှင့် Edge သုံးစွဲသူများ အတွက်မူ Microsoft မှ update ပြုလုပ်ပေးရန် အချိန်အနည်းငယ် စောင့်ဆိုင်းရမည် ဖြစ်သည်။

Ref: ComputerWorld