မောင်ကောင်းဆွေသန့်၏ Student Life

KaungSweThant_downloadgmail_studentlife_2015Jul15.jpg.jpg

ဒီအပတ်မှာတော့ Webster University of Thailand Campus မှာ Human Resource (HR) နဲ့ Psychology ဘာသာရပ်ကိုတက်ရောက် သင်ကြားနေတဲ့ မောင်ကောင်းဆွေသန့်ရဲ့ Student Life ကို ဖော်ပြပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာနောက်ဆုံးသင်ယူခဲ့တဲ့ အတန်းပညာလေးကို ပြောပြပေးပါ။

ILBC secondary 4, IGCSE နဲ့ Webster တက္ကသိုလ် TOEFL Test ကို Myanmar Search International (MSI) မှာ ဖြေခဲ့ပါတယ်။

ဒီဘာသာရပ်ကို ဘာလို့ရွေးချယ်ခဲ့တာလဲ။

ကျွန်တော်ငယ်ငယ်ကတည်းက စီးပွားရေးကိုစိတ်ဝင်စားခဲ့ပေမယ့် စီးပွားရေး Major တွေ အများကြီးထဲက ဘယ် Major ကို ယူရင်ကောင်းမလဲ ဆိုတာမသိခဲ့ဘူး။ MSI နဲ့ ဆွေးနွေးတိုင်ပင်ကြည့်တဲ့အခါ အခုလတ်တလော ကျွန်တော်တို့နိုင်ငံမှာရော၊ တခြားနိုင်ငံတွေရဲ့ MNCs (MultiNation Companies) တွေမှာ HR department တွေ လိုအပ်နေတယ်လို့သိရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ရွေးချယ်ဖြစ်သွားတာပါ။

Single Majorနဲ့ Double Major ရဲ့ ခြားနားချက်ကိုပြောပြပေးပါ။

Webster မှာ တစ်ပတ်ကို classes ၅ တန်းကနေ ၆ တန်း ယူလို့ရပါတယ်။ ကျောင်းသားတွေက ကိုယ့် Major နဲ့သက်ဆိုင်တဲ့ အတန်း ၂ တန်းနဲ့ တခြား Major နဲ့မသက်ဆိုင်တဲ့ GCP အတန်း ၃ တန်းယူလေ့ရှိပါတယ်။ ဒါကတော့ Single Major ကျောင်းသားတွေအတွက်ပါ။ Double Major ယူလိုက်ရင်တော့ မိမိယူထားတဲ့ Major တွေရဲ့ သက်ဆိုင်တဲ့ အတန်း ၄ တန်းနဲ့ GCP အတန်းတစ်တန်းပဲယူခွင့်ရှိတော့မယ်။ အဲဒီတော့မှ Double major degree ရဖို့လိုအပ်တဲ့ Credit တွေကို သတ်မှတ်အချိန်အတွင်းမှာ ရရှိနိုင်မယ်။ Double Major က စာအများကြီးလုပ်ရပေမယ့် University မှာတက်ရောက်နေတဲ့အချိန် ၄ နှစ်အတွင်း Degree ၂ ခုရမှာဆိုတော့ အချိန်ကုန်သက်သာတာပေါ့။ အလုပ်အကိုင်အခွင့်အလမ်းပိုများလာပြီး ရွေးချယ်စရာတွေလည်း ပိုများလာတယ်။

အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်အပေါ်အမြင်နဲ့ သင်ကြားပုံ၊ သင်ကြားနည်းကိုပြောပြပေးပါ။

အမေရိကန်ပညာရေးစနစ်က Practical ပိုင်းဆိုင်ရာကို ဦးစားပေးတယ်လို့ကျွန်တော်မြင်ပါတယ်။ ကျောင်းမှာလည်း Project တွေ အများကြီးလုပ်ရသလို ကုမ္ပဏီတွေကိုလည်း ကျောင်း Project အနေနဲ့ interview တွေလုပ်ရတယ်။ စာတွေ့တင်မဟုတ်ဘဲ လက်တွေ့ပါသင်ယူရတဲ့ အတွက် ပိုပြီးထိရောက်တာပေါ့။ America ပညာရေးစနစ်ကပိုပြီး independent ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ Textbook ထဲကစာတွေတင်မဟုတ်ဘဲ  တခြားဗဟုသုတတွေကိုလည်း  စာဖတ်ပြီးတော့ပဲဖြစ်ဖြစ်၊ internet ကနေရှာတာပဲဖြစ်ဖြစ်လေ့လာဖို့ နှိုးဆော်ပေးတာကြောင့် Self-learning skill တွေပိုပြီးတိုးတက်လာတယ်။

အမေရိကန်နိုင်ငံရဲ့ပညာရေးစနစ်က စာတွေ့တင်မဟုတ်ဘဲ activity တွေပါတဲ့အတွက် ဒီပညာရေးစနစ်ကို ဘယ်လိုမြင်ပါသလဲ။

စာတွေ့တင်မဟုတ်ဘဲလက်တွေ့ပြုလုပ်ရတဲ့ activity တွေကြောင့်အမေရိကန်ပညာရေးစနစ်က ကျွန်တော်တို့ကျောင်းသားလူငယ်တွေအတွက် ပိုပြီး ထိရောက်တယ်လို့မြင်တယ်။ လက်တွေ့ပြုလုပ်ရတဲ့ Activityတွေကြောင့် ကိုယ့်ရဲ့  skills  တွေတိုးတက်ပြီး  တကယ်တတ်မြောက်တယ်။ တကယ် လက်တွေ့အလုပ်လုပ်တဲ့အခါ ကိုယ်ကျောင်းမှာလက်တွေ့လုပ်ခဲ့ပြီးသားဖြစ်နေတော့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ လုပ်ငန်းခွင်မှာ Quick Learner ဖြစ်ဖို့နဲ့ Time Management Skill ပိုင်းမှာ စိတ်ပူစရာ မလိုတော့ဘူး။

ပညာသင်ဆုရရှိခဲ့ပုံကို ပြောပြပေးပါ။

Webster Scholarship လျှောက်တဲ့အခါ ကျွန်တော်ရဲ့ iGCSE နဲ့ TOEFL အမှတ်ရယ်၊ Badminton အားကစားပြိုင်ပွဲတွေက ရခဲ့တဲ့ဆုတွေနဲ့ ပန်းချီပြိုင်ပွဲတွေမှာ ရခဲ့တဲ့ ဆုတွေအားလုံးကို MSI က တစ်ခုချင်းစစ်ပြီး ပြည့်စုံတော့မှ ကျွန်တော့်ကို ပညာသင်ဆုလျှောက်ဖို့လုပ်ပေးတယ်။ Scholarship Essay ကို စာလုံးရေအနည်းဆုံး ၁၀၀ ကနေ အများဆုံး ၁၂၀ ကြားရေးရတယ်။

ပညာသင်ဆုဘယ်လောက်ရခဲ့လဲ။

ကျောင်းလခရဲ့ ၄၅ ရာခိုင်နှုန်းကို ပညာသင်ဆုအနေနဲ့ ကျွန်တော်ရခဲ့တယ်။ ၄ နှစ်တာအကုန်လုံးအတွက် သိန်း ၂၄၀ ကျော်ပဲကုန်တယ်။

Webster University ကိုမတက်ခင်မှာ ဘယ်လိုတွေပြင်ဆင်ခဲ့သလဲ။

iGCSE က ဖြေပြီးပြီဆိုတော့ TOEFL ဖြေဖို့ပဲပြင်ဆင်ခဲ့ပါတယ်။

ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မယ်လို့ရည်မှန်းထားလဲ။

အောင်မြင်တဲ့ တစ်သီးပုဂ္ဂလစီးပွားရေး လုပ်ငန်းရှင်ထက် လူသား အကျိုးပြုတဲ့ စီးပွားရေးပညာရှင်ပဲဖြစ်ချင်တယ်။

နိုင်ငံခြားမှာကျောင်းသွားတက်တဲ့အခါ သတိထားသင့်တဲ့အချက်တွေနဲ့ မြန်မာနိုင်ငံက ကျောင်းသွားတက်မယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် အကြံပြုစကားပြောပေးပါဦး။

နိုင်ငံခြားမှာ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတာဖြစ်တဲ့အတွက် သတိထားပြီး အပြောအဆို၊ အနေအထိုင်ဆင်ခြင်ဖို့ အရေးကြီး ပါတယ်လို့ပဲပြောချင်တယ်။ ပညာရေးပိုင်းကတော့ ကိုယ်က ကျောင်းသားဖြစ်နေတဲ့အတွက် ကိုယ့်ကြိုးစားမှုပေါ်ပဲမူတည်တယ်။