PDF Forms

PDF.jpg

PDF Forms သည် Adobe PDF ဖိုင်များအတွင်း မှတ်ချက်များပေးခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်ရန်အတွက် စီစဉ်ပေးနိုင်သည့် App ဖြစ်သည်။ ထို့ပြင် PDF Form တစ်ခုခုတွင် လက်မှတ်ထိုးရန် လိုအပ်ပါကလည်း လက်မှတ်ရေးထိုးနိုင်ရန်အတွက် စီစဉ်ဖန်တီးပေးထားသည့် app လည်းဖြစ်သည်။

အဆိုပါ app ကိုယခင်က ကန်ဒေါ်လာ ၈.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး၊ ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။