Hitachi TV

HitachiTV-AA-Online-eleproduct-2015july9.jpg

သေးသွယ်ပါးလွှာသော ဒီဇိုင်းနှင့်ဖြစ်ပြီး မျက်နှာပြင်မှာ ၂၄ လက်မအကျယ်ရှိမည် ဖြစ်သည်။ လူကို အန္တရာယ်ဖြစ်စေတတ်သော ပြဒါးလုံးဝမပါဝင်သောကြောင့် မိသားစုကျန်းမာရေးကို ကာကွယ်ပေး သည်ဟု သိရသည်။ 1920×1080 Resolution ဖြစ်သည့်အတွက် Full HD ဖြင့် ခံစားကြည့်ရှုနိုင်မည်ဖြစ်သည်။ အရည်အသွေးမြင့် အသံထွက်စနစ်ပါဝင်ခြင်းကြောင့် ကြည်လင်ပြတ်သားသော အသံကို ရရှိစေမည်ဖြစ်သည်။ DVB-T2 Digital System ပါရှိသောကြောင့် Free to Air ရုပ်သံလိုင်း ၂၂  လိုင်းကို အခမဲ့ ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်သည်။ စွမ်းအင် သုံးစွဲမှု ကိုလည်း လျှော့ချပေး မည် ဖြစ်သလို ကွန်ပျူ တာဖြင့် ချိတ်ဆက်၍လည်း monitor အဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။ USB 2.0 ဖြင့်  movies, photo, music များကို ခံစားကြည့်ရှုနိုင်ပြီး memory sticks (သို့) external hard disk  ဖြင့် recording ပြုလုပ်ထားနိုင်မည်ဖြစ်သည်။ တစ်နှစ်အာမခံပေးထားပြီး တန်ဖိုးမှာ ကျပ်နှစ်သိန်းဝန်းကျင် ဖြစ်သည်။ ဖုန်း ၀၁-၂၅၀၅၉၆ နှင့် ၀၁-၂၅၀၅၉၇ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။