China Mobile ၏ 4G သုံးစွဲသူဦးရေ သန်း ၂၀၀ နီးပါးရှိလာ

11222376_10153066627682825_5922436201939858960_o.jpg

China Mobile ၏ 4G သုံးစွဲသူဦးရေသည် သန်း ၂၀၀ ပြည့်ရန် နီးကပ်လာပြီ ဖြစ်ကြောင်း China Mobile ဒုဥက္ကဋ္ဌ လီဟွေဒီက Mobile World Congress တွင် ကြေညာပြောကြားခဲ့သည်။

China Mobile တွင် 4G အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် 4G node ၉၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး ကမ္ဘာပေါ်ရှိ 4G node စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့ကြောင်း လီက ပြောကြားခဲ့သည်။ 4G သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ ဝင်ငွေမြင့်တက်လာရန် ကုမ္ပဏီမှ မျှော်မှန်းထားကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

ထို့အပြင် China Mobile အနေဖြင့် 5G ကို သုတေသန ပြုလုပ်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း လီက ပြောကြားခဲ့သည်။

Ref: TechInAsia