Archie

Archie ဆိုသည်မှာ anonymous FTP ကို ထောက်ပံ့ပေးသည့် အင်တာနက် FTP ဆာဗာများ အားလုံး၏ ဖိုင်များကို ရှာဖွေပေးနိုင်သော ပရိုဂရမ်တစ်ခု ဖြစ်သည်။ Archie သည် anonymous FTP ဆိုက်တစ်ခုချင်းစီထံ သွားရောက်ပြီး directory နှင့် ဖိုင်အမည်များ အားလုံးကို ဖတ်ရှုသည့် indexing spider တစ်ခုဖြစ်သည်။

Archie ကို အင်တာနက်၏ ပထမဦးဆုံး search engine အဖြစ် ယူဆခဲ့ကြသော်လည်း World Wide Web တိုးတက်ဖွံ့ဖြိုးလာချိန်တွင် ၎င်း၏ အရေးပါမှုက လျော့နည်းလာခဲ့သည်။

Veronica သည်လည်း Archie နှင့် အလားတူသည့် ပရိုဂရမ်တစ်ခုဖြစ်ပြီး ၎င်းသည် Gopher ဆာဗာများရှိ ဖိုင်များကို ရှာဖွေပေးနိုင်သည်။