
ကိုယ်ထည်ကို သံဖရိန်ဖြင့် ပြုလုပ်ထားပြီး အလွယ်တကူ မီးမလောင်နိုင်သောကြောင့် ပတ်ဝန်းကျင်ကို မီးအန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်သည်။ UPS အတွင်း လေဝင်လေထွက် ကောင်းရန် Ventila-tion hole များပါရှိသလို UPS တွင်အသုံးပြုထားသော Transformer များ၏ အပူချိန်ကို ထိန်းညှိပေးနိုင်သည့် Thermal များကိုလည်း ထည့်သွင်းထားသည်။ Multi Socket ဖြင့် ထုတ်လုပ်ထားသည့်အတွက် Power Cord ခေါင်းမျိုးစုံကို အသုံးပြုနိုင်မည့် UPS ဖြစ်သည်။ တစ်သက်တာ ဆားဗစ်အခမဲ့ဝန်ဆောင်မှုနှင့်အတူ မည်သည့်အကြောင်းကြောင်းကြောင့် ပျက် သည်ဖြစ်စေ နောက်ထပ်တစ်လုံးလဲလှယ်ပေးမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးမှာ ၃၆,၀၀၀ ကျပ်ဖြစ်ပြီး DCD Computer Centre မှ တရားဝင်ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ အသေးစိတ် အချက်အလက်များကို DCD ဖုန်း ၀၁- ၂၉၁၈၃၀၊ ၂၉၇၃၃၂ နှင့် ၂၉၆၅၇၉ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။