Facebook နှင့် Twitter မှ သတင်းဖတ်ရှုမှုနှုန်း ပိုမိုမြင့်တက်လာ

11234050_10153064663782825_3806368616168046603_o.jpg

Facebook နှင့် Twitter ကို သတင်းများ၏ ရင်းမြစ်များ အဖြစ် အသုံးပြုမှုနှုန်းသည် မြင့်တက်လာလျက်ရှိကြောင်း Pew သုတေသနစင်တာမှ အစီရင်ခံစာတစ်ရပ်အရ သိရသည်။

Twitter နှင့် Facebook သုံးစွဲသူ ၆၃ ရာခိုင်နှုန်းသည် လူမှုရေးမီဒီယာဆိုက်များကို သတင်းရင်းမြစ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လူမှုရေးမီဒီယာဆိုက်များကို သတင်းရင်းမြစ်များအဖြစ် အသုံးပြုမှုသည် ၂၀၁၃ ခုနှစ်က ၅၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိခဲ့သည်။

Twitter နှင့် Facebook တို့သည် သတင်းနှင့်ပတ်သက်၍ မကြာသေးမီက feature သစ်များကို မိတ်ဆက်ပေးခဲ့သည်။ Twitter သည် live video-streaming app ဖြစ်သော Periscope ကို ဂျာနယ်လစ်များအတွက် မိတ်ဆက်ပေးထားသလို Facebook ကလည်း သုံးစွဲသူအများစု ဆွေးနွေးကြသည့် အကြောင်းအရာများနှင့် ထိပ်တန်းအကြောင်းအရာများကို ဖော်ပြပေးသည့် Trending Now sidebar ကို မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် Twitter က ကြားဖြတ်သတင်းများ အပါအဝင် လက်ရှိဖြစ်ပေါ်နေသည့် သတင်းများကို စုစည်းဖော်ပြပေးမည့် Project Lightning ကိုလည်း မိတ်ဆက်ပေးထားသည်။

ဆက်လက်ပြီး Twitter သုံးစွဲသူများ၏ ကြားဖြတ်သတင်းများကို follow ပြုလုပ်မှုသည် Facebook သုံးစွဲသူများ၏ နှစ်ဆနီးပါးရှိကြောင်း၊ Twitter သုံးစွဲသူများသည် နိုင်ငံတကာ အရေးအခင်းများနှင့် ပတ်သက်သည့် သတင်းများအပြင် ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစားနှင့် ပတ်သက်သော သတင်းများကို Facebook သုံးစွဲသူများထက် ပိုမိုဖတ်ရှုကြကြောင်း Pew ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref: Times