Google Fiber

Google Fiber ဆိုသည်မှာ fiber optic ဆက်သွယ်ရေး အခြေခံအဆောက်အဦ တည်ဆောက်ရန် ရည်မှန်းထားသော စီမံကိန်းတစ်ခု ဖြစ်သည်။

Google Fiber သည် aggregator များမှတစ်ဆင့် မြို့တော်ဧရိယာ နယ်နမိတ်အတွင်း ချိတ်ဆက်ပေးသည်။ အဆိုပါ ဆုံမှတ်များမှတဆင့် fiber optic cable များက ရပ်ကွက်နှင့် အိမ်များထံ ဖြန့်ကျက်ပြီး FTTH (fiber to the home) ဝန်ဆောင်မှုကို ထောက်ပံ့ပေးမည် ဖြစ်သည်။ ၎င်း cable များအနက် အချို့ကို ရှိပြီးသား ဓာတ်တိုင်များမှ သွယ်တန်းသလို အချို့ကို မြေမြှုပ်၍ သွယ်တန်းသည်။ အဆိုပါစနစ်သည် အင်တာနက်ဆက်သွယ်မှု အမြန်နှုန်းကို 1Gbps ထောက်ပံ့ပေးနိုင်ရန် မျှော်မှန်းထားသည်။

၂၀၁၁ ခုနှစ် နွေရာသီတွင် Google က ကယ်လီဖိုးနီးယားပြည်နယ် ပယ်လိုအယ်တိုမြို့ရှိ စတမ်းဖို့ဒ်တက္ကသိုလ် အနီးတွင် ၎င်းဝန်ဆောင်မှုကို အခမဲ့ စမ်းသပ်ခဲ့သည်။ ထို့နောက်တွင် မစ်ဇူရီပြည်နယ် ကန်းဆက်မြို့နှင့် ကန်းဆက်ပြည်နယ် ကန်းဆက်မြို့တို့တွင်လည်း ရွေးချယ်ထားသော သုံးစွဲသူ ၁,၀၀၀ ထံ FTTH ကို အခမဲ့ ထောက်ပံ့ပေးခဲ့သည်။