Adobe Flash ကို Disable ပြုလုပ်ခြင်း

cover.jpg

Web browser များပေါ်မှာ အသုံးပြုတဲ့ Adoble Flash ကို disable ပြုလုပ်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

Hacker များသည် Adobe Flash ရဲ့ လုံခြုံရေးအားနည်းချက်ကနေပြီး အသုံးပြုသူများရဲ့ ကွန်ပျူတာကို ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တာကြောင့် အဆိုပါ Flash တွေကို Web browser တွေ မှာ အသုံးမပြုရန်အတွက် disable ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ခေတ်မှာတော့ Web browser တွေမှာ streaming နည်းပညာများအတွက် flash ရဲ့အထောက်အပံ့လည်း လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟက်ကာများက flash ရဲ့ လုံခြုံရေးယိုပေါက်တွေကို အသုံးပြုပြီး တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် Chrome, Mozilla Firefox, Internet Explorer, Safari အစရှိတဲ့ Browser တွေမှာ Flash ကို disable ပြုလုပ်ပုံကို ဖော်ပြပေးလိုက်ပါတယ်။

Chrome Broswer မှာ Flash ကို ဖြုတ်ချင်တယ်ဆိုရင် Address bar မှာ chrome://plugins/ ဆိုတာကို ရိုက်ထည့်လိုက်ရင် plugins တွေရှိနေမယ့် နေရာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အဆိုပါ နေရာမှာ Adobe Flash ကို Disable ပြုလုပ်နိုင်ပါတယ်။

Mozilla Firefox မှာဆိုရင် Tools Menu ကို နှိပ်လိုက်ပါ။ ပြီးရင် Add-ons ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Add-ons စာမျက်နှာကိုရောက်သွားရင် plugins ဆိုတာကို ရွေးလိုက်ပါ။ ပြီးသွားရင်တော့ Shockwave Flash ဆိုတာကို နှိပ်ပြီး Never Activate ဆိုတာကို ရွေးပေးရပါမယ်။

Internet Explorer မှာ plugins ကို ဖြုတ်ချင်ရင်တော့ Tools Menu ထဲက Manage add-ons ဆိုတာကို ရွေးချယ်ရပါမယ်။ Manage add-ons ထဲကိုရောက်ရင် Shockwave Flash Object ကို ရွေးချယ်ပြီး disable ပြုလုပ်ပေးရပါမယ်။

Safari အသုံးပြုသူများအတွက်ဆိုရင် Safari Menu အောက်က Preferences ဆိုတာကို ရွေးပေးလိုက်ပါ။ ပြီးသွားရင် Security ဆိုတဲ့ Tab ကိုရွေးချယ်ပေးရပါမယ်။ Security tab အောက်မှာ Internet plug-ins ဆိုတာကိုတွေ့ရပါမယ်။ အဆိုပါ နေရာရဲ့အနောက်က Websites settings ဆိုတာကို နှိပ်ပြီး Adobe Flash Player ကိုရွေးချယ်လိုက်ပါ။ ပြီးသွားရင် အဆိုပါ Plug-in ကို Block လုပ်မှာလား အသုံးပြုစရာရှိတဲ့အချိန်မှာ သုံးနိုင်ရန်အတွက် Ask ကို ရွေးချယ်မလားဆိုတာကို ရွေးချယ်ပြီး ပြုလုပ်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ Flash Plug-in တွေကို Web browser တွေပေါ်ကနေ disable ပြုလုပ်တဲ့ လုပ်ငန်းစဉ်များ ပြီးဆုံးပါပြီ။

Ref: mashable