Firefox အတွက် Adobe Flash ဗားရှင်း အားလုံးကို Mozilla တားမြစ်

11738004_10153062803257825_7106595019621866523_n.jpg

မကြာသေးမီက ဖြန့်ချိထားသော ဗားရှင်းအပါအဝင် Adobe Flash ဗားရှင်းအားလုံးကို Firefox ၏ တားမြစ်စာရင်းတွင် Mozilla က ထည့်သွင်းခဲ့သည်။

လုံခြုံရေး ပညာရှင်များသည် မကြာသေးမီက ထွက်ရှိထားသော Adobe Flash တွင် Adobe မှ ပြင်ဆင်ထားခြင်း မရှိသော အားနည်းချက်များကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Firefox သုံးစွဲသူများကို ကာကွယ်သည့် အနေဖြင့် Mozilla က အထက်ပါအတိုင်း Adobe Flash လက်ရှိဗားရှင်းနှင့် ယခင် ဗားရှင်းအားလုံးကို တားမြစ်ခဲ့ခြင်း ဖြစ်သည်။

Flash အားနည်းချက်သည် Windows, Linux နှင့် Macintosh ပေါ်ရှိ Flash ဗားရှင်းအားလုံးတွင် သက်ရောက်မှုရှိသည်။

Firefox သည် ၎င်း၏ plugin management စာမျက်နှာတွင် Flash ၌ အားနည်းချက်ရှိကြောင်း သတိပေးထားသည်။ သို့သော်လည်း Flash ကို လုံးဝပိတ်ပင်ထားခြင်းမျိုး မဟုတ်သောကြောင့် Firefox တွင် plugin ကို သုံးစွဲသူက allow လုပ်ခြင်းဖြင့် ယခင်အတိုင်း အသုံးပြုနိုင်မည်ဟု သိရသည်။

Ref: ghacks