Siri, Google Now တို့နှင့် ယှဉ်ပြိုင်မည့် ကိုယ်ပိုင် virtual assistant ကို Facebook စမ်းသပ်နေ

20413_10153062782382825_2166539614802263779_n.jpg

နာမည်ကျော် လူမှုရေးကွန်ရက်ကြီးဖြစ်သော Facebook သည် Siri, Cortana နှင့် Google Now ကဲ့သို့သော ကိုယ်ပိုင် virtual assistant တစ်မျိုးကို စမ်းသပ်နေကြောင်း The Information မှ ဖော်ပြခဲ့သည်။

Code အမည် Moneypenny ဟုခေါ်သော အဆိုပါ feature ကို Facebook ၏ Messenger app မှ အသုံးပြုနိုင်ပြီး ၎င်းသည် သုံးစွဲသူများက ထုတ်ကုန်များ ဝယ်ယူခြင်းနှင့် စုံစမ်းမေးမြန်းခြင်းတို့အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်။

သို့သော်လည်း အဆိုပါ feature အသုံးပြုနိုင်မည့် အချိန်ကို မသိရှိသေးကြောင်း The Information မှ ရင်းမြစ်များက ဆိုခဲ့သည်။

Ref: Engadget