ORICO DUAL BAY HARD DRIVE DOCK 6629 SERIES

ORICO-DUAL-BAY-HARD-DRIVE-DOCK-6629-SERIES-2.gif

Hard drive နှစ်လုံးကို တစ်ပြိုင်နက်စိုက်ကာ အသုံးပြုနိုင်ပြီး system တစ်ခုလုံးကို  clone  လုပ်နိုင်မည့် HARD DRIVE DOCK ဖြစ်သည်။ Hard drive နှစ်လုံးကို  dock တွင်စိုက်ပြီး Power ချိတ်ဆက်ကာ ခလုတ် တစ်ချက် နှိပ်ပြီး လွယ်ကူစွာဖြင့် clone  ပြုလုပ်နိုင်မည် ဖြစ်သည်။  System တစ်ခုလုံးအား clone ပြုလုပ် နေချိန်တွင် LED မီးလုံးများဖြင့် ပြီးဆုံးသည့် ပမာဏကို ပြသပေးနေမည် ဖြစ်သည်။ ၂.၅ လက်မနှင့် ၃.၅ လက်မ အရွယ် SATA   hard drive နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပြီး 4TB အထိ အထောက်အပံ့ပေးမည် ဖြစ်သည်။ laptop/ desktop PC များဖြင့် Data transfer ပြုလုပ်ရာတွင်လည်း  USB 3.0 ဖြင့် ပြုလုပ်ပေးနိုင်သည့် အတွက်    အိုင်တီပညာရှင်များအတွက် မရှိမဖြစ်လိုအပ်မည့်  Dock ဖြစ်သည်။ USB 3.0 cable / ADP များလည်း တွဲလျက်ပါဝင်သည်။ Windows, Linux, mac  အားလုံးဖြင့် အဆင်ပြေစွာ အသုံးပြု နိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၄၇,၅၀၀ ကျပ်ဖြစ်ပြီး Fax computer ဖုန်း ၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။