The Critical Damage

TheCritical-Damage02-KOBO-Online-GAME-2015july9.jpg

Cleave, Splash, Bash, Lifesteal, Critical, Unique Attack Modifier စသော Attack Modifier တွေထဲကမှ Critical Strike Modifier ဟာဆိုရင် Damage သီးသန့်တိုးစေပြီး အခြားအကျိုးသက်ရောက်မှု မပါဝင်တဲ့ Modifier တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် Carry Hero များတွင် Passive Ability များအဖြစ် ပါဝင်လေ့ရှိပြီး Crystal နဲ့ Daedalus ဆိုတဲ့ Item ၂ မျိုးကို ရွေးချယ်စပ်ပြီး Critical Damage ကို ရရှိအောင် ပြုလုပ်နိုင်ပါတယ်။

Critical Damage ဟာ Passive Ability တစ်ခုဖြစ်ပြီး Chance Percentage ပေါ် မူတည်၍ တွက်ချက်ကာ Multiplier ဖြင့် ပြန်မြှောက်ပြီး Hero ရဲ့ Physical Damage Output တိုးလာစေမှာ ဖြစ်ပါတယ်။ ဥပမာ – Juggernaut ရဲ့ တတိယမြောက် Passive Ability တစ်ခုဖြစ်တဲ့ Blade Dance ဟာ Lvl  ၄ ဆင့်ယူထားတဲ့အချိန်မှာ 35% Chance နဲ့ Critical Damage 200% ရရှိမည်ဟု ဖော်ပြထားပါတယ်။ Juggernaut ရဲ့ Physical တိုက်ခိုက်မှုတိုင်းရဲ့ 35% ဟာ Critical ဖြစ်ဖို့ အခွင့်အရေးရရှိမှာဖြစ်ပြီး အဆိုပါ 35% Chance ထဲဝင်ခဲ့မယ်ဆိုရင်တော့ Juggernaut ရဲ့ စုစုပေါင်း Physical Damage ကို နှစ်ဖြင့် မြှောက်ပြီး သက်ရောက်စေမှာ ဖြစ်ပါတယ်။ စုစုပေါင်း Physical Damage 160 ရှိတဲ့ Juggernaut ဟာ 35% Chance ဝင်သွားခဲ့မယ်ဆိုရင် 160×2=320 Damage ဆိုပြီး အနီရောင်စာသားဖြင့် အတိုက်ခိုက်ခံရတဲ့ Unit ရဲ့ ခေါင်းပေါ်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။

အဆိုပါ အနီရောင်စာသားဟာ စုစုပေါင်းဖြစ်ပေါ်လာမယ့် Critical Damage ပမာဏကို ဦးစွာ ဖော်ပြခြင်းဖြစ်ပြီး အဲ့ဒီနောက်မှ အတိုက်ခိုက်ခံ Unit ရဲ့ Armor ပေါ်မူတည်၍ Damage ပြန်တွက်
ချက်မှာ ဖြစ်ပါတယ်။ ဥပမာ- အထက်က Juggernaut က 320 Critical Damage ဆိုတဲ့ အနီရောင်စာသားဖြင့် စုစုပေါင်း 10 Armor ရှိတဲ့ Sven ကို တိုက်ခိုက်လိုက်ပြီ ဆိုပါစို့။ 10 Armor ဟာ 37.5 Physical Damage Reduction နဲ့ ညီမျှပါတယ်။ ဒါကြောင့် 320 Damage ထဲကနေ 37.5% အဖြစ် (320 x 0.375 = 120 Damage) ကို ပြန်လျှော့ချပါမယ်။ နောက်ဆုံး ရလာဒ်အနေ နဲ့ ခေါင်းပေါ်မှာ ဖော်ပြတဲ့ အနီရောင် 320 ဆိုတဲ့ ပမာဏဟာ Sven ကို (320-120=200 Hp) ကိုပဲ လျော့စေမှာ ဖြစ်ပါတယ်။

Dota 2 မှာတော့ Critical Damage Passive Ability အဖြစ် ပါဝင်တဲ့ Hero ၈ ကောင်ခန့်သာ ရှိပါတယ်။ Juggernaut, Wraith King, Brewmaster, Chaos Knight, Lycan, Phantom Assassin, Gondar နဲ့ Tusk တို့ဟာ Critical Damage Ability ပါဝင်တဲ့ Hero များ ဖြစ်ပါတယ်။ အဆိုပါ Hero များထဲကမှ Gondar နဲ့ Tusk တို့ဟာ 100% Critical Damage အမျိုးအစား များဖြစ်ပြီး Frozen Throne Dota တုန်းကတော့ ၎င်းတို့ရဲ့ Damage အမျိုးအစားကို Backstab Damage ဟုခေါ်ဆိုခဲ့ကြပါတယ်။ Backstab Damage ဟာလည်း အနီရောင်စာသားဖြင့်ဖော်ပြတဲ့ Critical Damage ဖြစ်ပေမယ့် ၎င်းတို့ကတော့ ပုံသေသတ်မှတ်ထားတဲ့ ပမာဏကို Chance နဲ့မဟုတ်ဘဲ ကျိန်းသေပေါက် ရရှိစေမှာဖြစ်ပါတယ်။

Backstab Critical Damage အမျိုးအစားကို Shadow Blade နဲ့ Silver Edge တို့မှာလည်း တွေ့နိုင်ပါတယ်။ Shadow Blade ရဲ့ Backstab ပမာဏဟာ 175 Damage ဟု ဖော်ပြထားပြီး Invisible အခြေအနေဖြင့် ပထမဆုံးခုတ်မယ့် တစ်ချက်မှာမိမိ Hero ရဲ့ ပုံမှန် Damage ကို 175 Damage လာပေါင်းပေးမှာ ဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ တစ်ကိုယ်တည်း သီးခြားဖြစ်ပေါ် မှာဖြစ်လို့ မိမိမှာ Critical Damage Ability တစ်ခုရှိလို့ အဆိုပါ 175 Damage ကို Critical Damage အတွက် ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။ ဥပမာ- 200 Physical Damage, 15%, 300% Critical Damage ရရှိမယ့် Wraith King ဟာ Shadow Blade အသုံးပြု ပြီး Enemy Unit ကို တိုက်ခိုက်မယ်ဆိုပါစို့။ အဆိုပါ ကိုယ်ဖျောက်ပြီး တိုက်ခိုက်တဲ့အချိန်မှာ Mortal Strike Chance ဝင်သွားပြီး Critical တက်ခဲ့မယ်ဆိုရင် Shadow Blade က 175 Damage ဟာ Mortal Strike အတွက် 300% အတွင်း ထည့်သွင်း မတွက်ချက်ပါဘူး။ Mortal Strike အတွက် (200 x 3) = 600 Damage သပ်သပ်၊ Shadow Blade အတွက် 175 Damage သပ်သပ် သီးခြားစီ သက်ရောက်ပါလိမ့်မယ်။ ဒါကြောင့် တစ်ခါတလေမှာ Critical Damage အနီရောင် စာသားဟာ တစ်ပြိုင်နက်တည်း ၂ ခု၊ ၃ ခု မြင်ရတာ ဖြစ်ပါတယ်။

လူပြောများတဲ့ မေးခွန်းဖြစ်တဲ့ Phantom Assassin ကို Daedalus ၂ ချောင်း စပ်ကြည့်မည်ဆိုရင်လည်း အထက်မှာဖော်ပြခဲ့တဲ့ တွက်ချက်ပုံများ အတိုင်းပင် Critical Damage ဟာ တွက်ချက် သွားမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ PA ဟာ စုစုပေါင်း 300 Physical Damage, Coup de Grace ၃ ဆင့်, Daedalus ၂ ချောင်း စပ်ထားတယ်ဆိုပါစို့။ ပထမ Daedalus ဟာ Critical ဖြစ်စေဖို့ 25% Chance ရှိပါတယ်။ ဒုတိယ Daedalus ကတော့ 18.75% ရှိပါတယ်။ Coup De Grace ကတော့ 15% ရှိပါတယ်။ ဒါကြောင့် PA ဟာတစ်ပြိုင်နက်တည်း Critical ၃ ခု တက်နိုင်ချေရှိ ပါတယ်။ ကံကောင်းထောက်မပြီး Critical ၃ ခုစလုံး တစ်ပြိုင်နက်တည်း တက်သွားတယ်ဆိုပါစို့။ ပထမ Daedalus အတွက် 300×2.4=720 Damage, ဒုတိယ Daedalus အတွက် 300×2.4 = 720 Damage, Coup De Grace အတွက် 300×4.5=1350 Damage ဟူ၍ အနီရောင်စာသား ၃ ခု တက်လာမှာ ဖြစ်ပါတယ်။ Critical Chance တစ်ခုချင်းစီဟာ ကိုယ်ပိုင် Chance, ကိုယ်ပိုင် ပမာဏတစ်ခုချင်းစီ သီးခြားစီ တွက်ချက်နေမှာပါ။ ဒါကြောင့် Critical ပေါ် Critical ဆင့်ပြီး အရမ်းမြောက်မြားတဲ့ ပမာဏတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ အနီရောင်စာသား ၃ ခုစလုံးဟာလည်း သီခြားစီ Armor ဖြင့် ပြန်လျော့သွားဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် များစွာသော Kunkka ကစားသမားတွေဟာ Daedalus ၂ ခု၊ ၃ ခုထည့်ပြီး ကံစမ်းသလို ဆော့ကစားနေကြတာ ဖြစ်ပါတယ်။ သီးခြားစီ ဖြစ်ပေါ်နိုင်တဲ့ Critical Chance တွေဟာ ကံကောင်းစွာဖြင့် တစ်ပြိုင်နက်တည်း ဝင်သွားခဲ့မယ်ဆိုရင် အထက်မှာ တွက်ချက်ခဲ့တဲ့အတိုင်း Damage ပမာဏတွေဟာ သီးခြားစီ အမြောက်အမြား သက်ရောက်စေမှာ ဖြစ်ပါတယ်။

Critical Damage ဟာ ရိုးရှင်းတဲ့ Damage Increase Modifier တစ်ခုဖြစ်ပါတယ်။ Daedalus  ၃ ချောင်းစပ်လိုက်လို့ 75% Critical Chance ရရှိလာမှာမျိုး မဟုတ်ပါဘူး။ တစ်ချောင်းချင်းစီရဲ့ Chance တွေဟာ သီးခြားစီ တစ်ပြိုင်နက်တည်းမှာ သက်ရောက်နိုင်စွမ်းရှိနေမှာ ဖြစ်ပါတယ်။ Inventory ၆ ကွက်တည်းရှိတဲ့ Dota Game ဟာ Damage သီးသန့်ထည့်တိုင်း ကောင်းတာတော့
မဟုတ်ပါဘူး။ ဒါကြောင့် မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

www.dotaboo.com