Graphic Design Course သင်တန်းကို ၂၀ ရာခိုင်နှုန်း သင်တန်းကြေးလျှော့မည်

Graphic Design Course သင်တန်းကို နိုဝင်ဘာလ ၂၁ ရက်မှစ တင်ကာ RDS Graphic Design မှ သင်တန်းကြေး ၂၀ ရာခိုင်နှုန်း လျှော့ချ၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 သင်တန်းသို့ 3D Designer, Web Designer, fashion Designer နှင့် Video Edit (Motion Graphic) တို့အတွက် Foundation. (အမြင်ပိုင်းဆိုင်ရာ) တိုးတက်မှုရှိစေရန်အတွက် တက်ရောက်သင့်သော သင်တန်းဖြစ်ပြီး Adobe Inc, ထုတ် ဆော့ဖ်ဝဲများကို သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းများကိုပါ အခြေခံပြီး RDS မှ Create လုပ်ထားသော Lesson များဖြင့် ပေါင်းစပ်သင်ကြားပေးမည်ဖြစ်သည်။ Color Theory, Layout and Compostion, Design Concept Skill, Paper Ratio များအပြင် Knowledge ပိုင်းဆိုင်ရာ Offset and CTP, Indoor/Outdoor များနှင့် Design Workshop များကိုလည်း စနစ်တကျ သင်ကြားပေးမည် ဖြစ်သည်။  Art and Technique ပေါင်းစည်းထားသော ပညာရပ်ဖြစ်သောကြောင့် Software သိရုံမဟုတ်ဘဲ On Job Practice ပုံစံ (Learning Method) ဖြင့် စနစ်တကျ သင်ကြားပေးခြင်းဖြစ်ပြီး On Job  ပုံစံဖြင့် သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် ပြင်ပမှ Professional ဓာတ်ပုံပညာရှင်၊ ပန်းချီဆရာများ ဖိတ်ကြားပြီး ဖြည့်စွက်သင်ကြားပေးမည်ဖြစ်ကာ ဒီဇိုင်းပညာကို အထောက်အပံ့ပြုမည့် Scartch/ Color/ Composition/ lecture ချိန်များ Graphic  Design နှင့် Photography/ Photo Retouching/ Products table shoot နှင့် ပတ်သက်သောပညာရပ်ပိုင်း lecture ချိန်များကို ဖြည့်စွက်သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတွင် Artwork များ၊ Design Project များကို တွဲဖက်သင်ကြားသော Software များဖြင့် Assignment ပြုလုပ်ရမည်ဖြစ်သည်။ သင်တန်းကြေးအား ၂၀ ရာခိုင်နှုန်းလျှော့ချ လက်ခံပေးသွား မည်ဖြစ်ပြီး တန်းခွဲ တစ်ခုလျှင် သင်တန်းသား ၆ ဦးသာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။ တက်ရောက်လိုသူများအနေဖြင့် အမှတ် (၂၉) ဘီ၊ ဒုထပ်၊ ဇေယျာသီရိလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း- ၀၉၅၀၁၇၆၂၀၊ ၀၉၄၅၀၀၂၆၂၆၅ သို့ ဆက်သွယ်မေးမြန်း တက်ရောက်နိုင်သည်။