Windows Administrator Account နာမည်ပြောင်းလဲခြင်း

rename-admin-account-featured.jpg

ကွန်ပျူတာ အများစုမှာရှိတဲ့ Default Administrator နာမည်ဟာ ပုံစံတစ်မျိုးတည်းဖြစ်နေတာကြောင့် Hacker များ အနေနဲ့ Windows admin account ကို ဦးတည်ချက်ထားတယ်ဆိုရင် အလွယ်တကူ ရှာဖွေနိုင်သလို၊ Malware, Trojan နဲ့ Virus များကိုလည်း အဆိုပါ account ကို ဦးတည်ပြီးပေးပို့နိုင်ပါတယ်။ အကယ်၍ default ပါရှိတဲ့ Administrator ဆိုတဲ့ နာမည်ကို အခြား နာမည်ပြောင်းပေးထားမယ်ဆိုရင် target ကို ရှာဖွေဖို့အတွက် ပိုမိုအလုပ်ရှုပ်စေမှာပါ။

Windows Opearting System မှာပါရှိတဲ့ Administrator account ကို နာမည်ပြောင်းချင်တယ်ဆိုရင် နည်းလမ်း သုံးမျိုးနဲ့ ပြောင်းလဲနိုင်ပါတယ်။ ပထမနည်းလမ်းကတော့ command prompt မှ ဝင်ရောက်ပြောင်းလဲတဲ့ နည်းလမ်းဖြစ်ပြီး၊ ဒုတိယ နည်းလမ်းကတော့ Group Policy ကနေ ပြောင်းတဲ့နည်းလမ်းပါ။ နောက်ဆုံးနည်းလမ်းကတော့ ပိုမိုရိုးရှင်းလွယ်ကူတဲ့ Computer Management ကနေ ပြောင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။

Command prompt ကနေ ပြောင်းမယ်ဆိုရင် command prompt ကို Run administrator ဆိုတဲ့ mode နဲ့ဖွင့်ပြီး ပြောင်းပေးရပါမယ်။ Windows 8 နောက်ပိုင်းတွေမှာ run administrator ကို အသုံးပြုဖို့အတွက် Win + X ကို နှိပ်ပါ။ Command prompt (Admin) ဆိုတာကို ရွေးချယ်ပေးရပါမယ်။ command prompt ထဲ ရောက်သွားရင်

wmic useraccount where name=’Administrator’ call rename name=’newUserName’

ဆိုတဲ့ command ကို သုံးရပါမယ်။ newUserName နေရာမှာ ကိုယ်ပြောင်းချင်တဲ့ နာမည်ကို ပြောင်းပေးရပါမယ်။ အဆိုပါ command ကို အသုံးပြုပြီးရင် default administrator account ရဲ့ နာမည်ချိန်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Group Policy ကနေ ပြောင်းချင်သူများအနေနဲ့ run box မှာ gpedit.msc ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ပါ။ Group Policy box ကျလာရင် ဖော်ပြပါလမ်းကြောင်းအတိုင်း သွားရပါမယ်။

Computer Configurations -> Windows Settings -> Security Settings -> Local Policies -> Security Options ဆိုတဲ့ လမ်းကြောင်းအတိုင်းသွားပါ။ Accounts: Rename administrator account ဆိုတဲ့နေရာမှာ double-click နှိပ်လိုက်ပါ။ ပြီးသွားရင် ပြောင်းချင်တဲ့အမည်ကို ထည့်သွင်းလိုက်ပြီး၊ Ok ကို နှိပ်ပြီးထွက်လိုက်ပါ။ run box မှာ gpupdate force ဆိုတဲ့ command ထပ်မံရိုက်ထည့်ပေးလိုက်တဲ့အခါမှာ Group Policy မှာ ပြင်ဆင်ထားတဲ့အရာများ ချက်ချင်း လုပ်ဆောင်နိုင်ပါပြီ။

Computer Management Utility ကနေ အလုပ်လုပ်ဆောင်ဖို့အတွက် Windows 7 မှာဆိုရင် My Computer ကို Right-click ပြုလုပ်ပြီး Manage ဆိုတာကို ရွေးရပါမယ်။ Windows 8 မှာကတော့ This PC ဆိုတာကို Right-click ပြုလုပ်ပြီး Manage ကို သွားနိုင်သလို၊ Win + X ကို နှိပ်ပြီး Computer Management ကို လည်းသွားနိုင်ပါတယ်။ Computer Management ထဲရောက် ရင် Local Users and Groups ထဲကို ဝင်လိုက်ပါ။ အဆိုပါ နေရာတွင် Users ဆိုတာကို ထပ်မံရွေးချယ်ရပါမယ်။ Users အောက်ကို ရောက်သွားရင် Administrator ကို Select ပြုလုပ်ပြီး Right-click နှိပ်ကာ Rename ကိုရွေးချယ်ပြီး နှစ်သက်ရာနာမည်ကို ထည့်သွင်းတယ်ဆိုရင် Windows default administrator account နာမည် ပြောင်းတဲ့လုပ်ငန်း ပြီးဆုံးသွားပါပြီ။

Ref: maketecheasier