HTC ဖုန်းများရှိ Smart Remote အား အသုံးပြုခြင်း

04-TKK-Screenshot-User-Guide-10Jul15.jpg

HTC ဖုန်းတွေမှာ ရှိနေတဲ့ Smart Remote စနစ်ကို ဘယ်လိုအသုံးပြု ရသလဲဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ Remote စနစ်ဟာ အခြားဖုန်းတွေမှာ ပါဝင်တဲ့ Remote တွေလိုမျိုး တိုက်ရိုက် တစ်ခါတည်းဝင်ပြီး အသုံးပြုလို့ရတဲ့ စနစ်မျိုးမဟုတ်ပါဘူး။ အသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်ချက်တွေ တစ်ဆင့်ချင်းစီ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စတင်ပြီး လေ့လာကြည့်ကြပါမယ်။

ပထမဆုံး Smart TV ဆိုတဲ့ App ကို ဖွင့်လိုက်ပါ။ အချို့ဖုန်း တွေမှာတော့ Peel Smart Remote ဆိုပြီး ရှိတတ်ပါတယ်။

ဖွင့်လိုက်ရင်တော့  ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ယခုလို မြင်တွေ့ရမယ့် စာမျက်နှာသုံးခု ရှိပါလိမ့်မယ်။ တစ်ခုချင်းစီ ကျော်သွားလိုက်ပြီး နောက်ဆုံးစာမျက်နှာကို ရောက်ရှိချိန်မှာတော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒီနေရာမှာတော့ အပေါ်ထိပ်ဘက်မှာ Sign In ဆိုတာရှိပြီး အောက်ဘက်မှာတော့ Start ဆိုတာရှိပါတယ်။ Start ဆိုတာကို နှိပ်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ TV Channel တွေကို ကြည့်ရှုလိုသူတွေအနေနဲ့ Country တွေကိုရွေးချယ်ပေးရမယ့် နေရာဖြစ်ပါတယ်။ ဘာကိုမှ မရွေးချယ်ပေးပဲနဲ့ အောက်ဆုံးကို ဆင်းသွားရင် Other Country Regions ဆိုတာ ရှိပါတယ်။ အဲဒီနေရာကို နှိပ်လိုက်ပါ။

Other Country & Regions ကို နှိပ်လိုက်တဲ့အချိန်မှာ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Remote အဖြစ် ထိန်းချုပ်အသုံးပြုနိုင်မယ့် Device တွေကိုဖော်ပြ ပေးထားတာဖြစ်ပါတယ်။ ဒီနေရာမှာ TV, Set-top Box, DVD Player, Blu-ray Player, AV Receiver, Streaming Media Player, Projector, Air Conditioner အစရှိသဖြင့် အသုံးပြုနိုင်မယ့် Device တွေကို ဖော်ပြပေးထားပါတယ်။ ဥပမာအနေ နဲ့ TV ကို ရွေးချယ်ပြီး နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ခုလိုမြင်ရ ပါလိမ့်မယ်။

ဒါကတော့ TV Remote အဖြစ် အသုံးပြုဖို့အတွက် ကိုယ်က ဘယ် TV အတွက် အသုံးပြုမယ်ဆိုတဲ့ TV အမျိုးအစားကို ရွေးချယ်ပေးရမယ့် နေရာဖြစ်ပါတယ်။

ကိုယ်အသုံးပြုမယ့် TV အမျိုး အစားကို ရွေးချယ်ပြီးသွားရင်တော့ အောက်မှာရှိနေတဲ့ Next ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ခုလို မြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ ပါဝါခလုတ်ပုံ စံသင်္ကေတကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမြင်ရပါလိမ့်မယ်။

အောက်ဘက်မှာ မြင်တွေ့ရမယ့် Yes ဆိုတာကို နှိပ်လိုက်ရင် အသုံးပြုလို့ ရပါပြီ။

ဒီ Remote Control စနစ်ကို အသုံးပြုဖို့အတွက် Peel Smart Remote ဆိုတဲ့ App ကိုစတင်ဖွင့်ပြီး အသုံးပြုမယ့် အချိန်မှာတော့ ကိုယ့်ရဲ့ဖုန်းမှာ အင်တာနက် လိုအပ်မှာ ဖြစ်ပါတယ်။ App ကိုစတင်ပြီး Activate ပြုလုပ်မယ့်အချိန်မှာ အင်တာနက်ကို အသုံးပြုပြီး Country ရွေးချယ်တာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။